
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ဖြစ်ပါသည်။ အစီအစဉ်တွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြား ထားသူမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါသည်။
အစီအစဉ်တင်ဆက်သူအဖြစ် ဦးကျော်ဆွေအောင်နှင့် ဒေါ်ဖြိုးထက်ထက်အောင်တို့ က ဆောင်ရွက် ထားပါသည်။
(ယမန်နေ့မှ အဆက်)
အစီအစဉ်တင်ဆက်သူ ။ ။ လာမယ့် ရွေး ကောက် ပွဲတွေမှာ ပြောင်းလဲ ကျင့်သုံးတော့မယ့် Closed List – PR စနစ်နဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေက မဲဘယ်လိုပေးရမယ်၊ ဆန္ဒမဲတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ဘယ်လို တွက်ချက်ရမယ်ဆိုတာကို မဲဆန္ဒရှင်တွေ သိရှိသွား အောင် ရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး ။ ။ Closed List – PR စနစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲ မှာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက် ရမယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း နိုင်ငံ ရေးပါတီများက ကိုယ်စားလှယ်လောင်း အမည် စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင် ကို တင်ပြရပါမယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းတွေကလည်း အမည်စာရင်းတင်သွင်းရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်က ဆန္ဒမဲလက်မှတ်မှာ မိမိ နှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအမည်ကို တစ်ကြိမ်သာ ဆန္ဒပြုရမှာ ဖြစ်ပါတယ်။
ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများရရှိတဲ့ ထောက်ခံဆန္ဒမဲအပေါ် မူတည် ပြီးတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စား လှယ်အရေအတွက်ကို အချိုးကျစနစ်နဲ့ တွက်ချက် ရမှာ ဖြစ်ပါတယ်။ (The Largest Remainder) ကြွင်းကျန်မဲအများဆုံးစနစ်နဲ့ မဲရေတွက်မှာ ဖြစ်ပါ တယ်။ ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်အနေနဲ့ကတော့ -
v လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦး ရွေးကောက် တင်မြှောက်ရမည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတို့၏ ခိုင်လုံ မဲများကိုစုပေါင်း၍ ယင်းမဲဆန္ဒနယ်တစ်ခုလုံး ၏ ခိုင်လုံမဲစုစုပေါင်းအဖြစ် တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်း ၉၀၀၀၀၀ ဖြစ်ပါသည်။
v လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် အနည်းဆုံးရရှိရမည့်အခြေခံမဲ (Thre-shold) ကို ပထမဦးစွာတွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ရမည့် (ကိုယ်စား လှယ်အရေအတွက်+ ၁)ဖြင့် စားခြင်းရလဒ် အား (+ ၁)ထပ်ပေါင်းတွက်ချက်၍ ရရှိသော မဲအရေအတွက်ကို လွှတ်တော်ကိုယ်စား လှယ် တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold) အဖြစ် သတ်မှတ် ရမည်။ အခြေခံမဲမှာ ၁၀၀၀၀၁ ဖြစ်ပါသည်။ (ဒသမရှေ့ဂဏန်း ကိန်းပြည့်ကိုသာယူရန်)
v လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် သတ်မှတ်ထားသည့် အခြေခံမဲဖြင့် နိုင်ငံရေး ပါတီ တစ်ခုစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီရရှိသည့် ခိုင်လုံမဲ ကို စားခြင်းရလဒ်ဖြင့်တွက်ချက်ရာ အခြေခံ မဲအရ (A) ပါတီ သုံးဦး၊ (B) ပါတီ တစ်ဦး၊ (D) ပါတီ နှစ်ဦးဖြင့် ကိုယ်စားလှယ်အရေ အတွက် ခြောက်ဦးကို ရွေးကောက်နိုင်ပါ သည်။
v နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး တို့၏ ကြွင်းကျန်သောမဲအရေအတွက်မှာ ကြွင်းကျန်မဲ အများအနည်းအရ ဦးဘ (တစ်သီးပုဂ္ဂလ)က အများဆုံး၊ (B)ပါတီက ဒုတိယအများဆုံး၊ (C)ပါတီက တတိယ အများဆုံး၊ (A)ပါတီက စတုတ္ထအများဆုံး နှင့် (D)ပါတီက အနည်းဆုံးဖြစ်ပါသည်။
v သတ်မှတ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ရှစ်ဦး ပြည့်မီခြင်းမရှိသဖြင့် နိုင်ငံရေးပါတီ အသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကြွင်းကျန် သောမဲများကို အများအနည်းအလိုက် တန်းစီဇယားအရ ကြွင်းကျန်မဲအများဆုံး ဖြစ်သော ဦးဘ(တစ်သီးပုဂ္ဂလ)နှင့် (B) ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်ဆောင်းရရှိသဖြင့် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ရှစ်ဦးကို တွက်ချက်ရရှိမည် ဖြစ်ပါသည်။
v အဆိုပါတွက်ချက်မှုများအရ (A) ပါတီရရှိ သော ကိုယ်စားလှယ်အရေအတွက် သုံးဦး၊ (B) ပါတီ ရရှိသော ကိုယ်စားလှယ်အရေ အတွက် နှစ်ဦး၊ (D)ပါတီရရှိသော ကိုယ်စား လှယ်အရေအတွက် နှစ်ဦး၊ ဦးဘ (တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်) တစ်ဦး စုစုပေါင်း ရှစ်ဦး ရွေးကောက်တင်မြှောက် ခံရမှာ ဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူ ။ ။ နိုင်ငံတကာမှာ ကျင့်သုံး နေတဲ့ ရွေးကောက်ပွဲ စနစ်များ၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ များနဲ့ လာမယ့် ရွေးကောက်ပွဲများမှာ ပြောင်းလဲ ကျင့်သုံးမယ့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List PR) အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။
Closed List PR စနစ်ဖြင့် ဆန္ဒမဲပေးခြင်းနဲ့ ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ကိုလည်း မဲဆန္ဒရှင်များသိရှိအောင် နမူနာဇယား တွေနဲ့ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးလိုက်ခြင်း ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ရရှိလာ မယ့်အကျိုးကျေးဇူးများနဲ့ သတိပြုရမယ့် အချက် များကို အနှစ်ချုပ် သုံးသပ်ဆွေးနွေးပေးပါဆရာ။
ဦးခင်မောင်ဦး ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံ ရေး ဦးတည်ချက်ကတော့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့အနှစ်သာရမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း နှင့် ကိုယ်စားပြုခြင်းတို့ပါဝင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားကတော့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းနဲ့ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေ ကျင့်သုံးခြင်းဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲများဟာ ဒီမိုကရေစီရဲ့အခြေခံ အုတ်မြစ်ဖြစ်ပြီး ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် ယခုပြောင်းလဲကျင့်သုံးတဲ့ PR စနစ်အရဆိုရင် ပါတီကြီး၊ ပါတီငယ်၊ တိုင်းရင်း သားများ၊ လူနည်းစုများအားလုံးက ဥပဒေပြုရေး မှာရော အုပ်ချုပ်ရေးကဏ္ဍမှာပါ အချိုးကျကိုယ်စား ပြု ပါဝင်လာတော့မှာဖြစ်တဲ့အတွက် မျှတတဲ့ ကိုယ်စားပြုမှုနဲ့ ခွဲဝေကျင့်သုံးနိုင်မှုတို့ကို တိုးမြှင့် ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုစေလိုတာကတော့ ဗဟုနိုင်ငံရေးစနစ် ပိုမို ပေါ်လွင်လာမှာဖြစ်တဲ့အတွက် မတူကွဲပြားမှုများမှ သည် တူညီသောစုစည်းမှုအင်အားများရရှိနိုင် အောင် နိုင်ငံရေးအမြင်၊ အမျိုးသားအမြင်ဖြင့် တည်ဆောက်နိုင်ဖို့လိုပါတယ်။
ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ် တွေကို ဦးစားပေးဖို့လိုပါမယ်။ ပါတီစုံပါဝင်လာ တော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုများ ကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြော်အမြင်ရှိရှိဖြင့် သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။