အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်    မြဝတီရုပ်မြင်သံကြားဌာနတို့   ပူးပေါင်း၍   မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR)  ပြောင်းလဲ ကျင့်သုံးနိုင်ရေး  စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ဖြစ်ပါသည်။  အစီအစဉ်တွင် ပါဝင်ဆွေးနွေးရန်  ဖိတ်ကြား ထားသူမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါသည်။ 

 


အစီအစဉ်တင်ဆက်သူအဖြစ်  ဦးကျော်ဆွေအောင်နှင့်  ဒေါ်ဖြိုးထက်ထက်အောင်တို့ က ဆောင်ရွက်ထားပါသည်။ 
 

 

(ယမန်နေ့မှ အဆက်) 


အစီအစဉ်တင်ဆက်သူ    ။    ။  PR အုပ်စုထဲက List            PR အကြောင်း ရှင်းပြ ပေးပါ ခင်ဗျား။
ဦးခင်မောင်ဦး    ။    ။    ပါတီအမည်ကို မူတည်ပြီး            အချိုးကျကိုယ်စားပြုစနစ်  (Party List PR)ဟာဆိုရင် PR စနစ်မှာ အသုံးအများ ဆုံးစနစ် ဖြစ်ပါတယ်။ ဒီစနစ်အရ ဝင်ရောက်ယှဉ်ပြိုင် တဲ့ နိုင်ငံရေးပါတီအသီးသီးဟာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် တူညီတဲ့ ကိုယ်စား လှယ်လောင်းအရေအတွက်အတိုင်း ကော်မရှင်ကို အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း     ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံ ရေးပါတီများဟာ မိမိတို့ရရှိတဲ့ ဆန္ဒမဲအရေအတွက် အတိုင်း အချိုးကျကိုယ်စားပြုခွင့် ရရှိမှာဖြစ်ပါတယ်။

 


ဒီ Party List Voting  စနစ်မှာ   ပါတီကိုသာ ရွေးချယ်မဲပေးတဲ့စနစ် (Closed List) နဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်တဲ့စနစ် (Open List) ဆိုပြီး အဓိက  နှစ်မျိုးရှိပါတယ်။   ဒါ့အပြင် လွတ်လပ်စွာမဲပေးနိုင်တဲ့ Free List ဆိုတာလည်း ရှိပြီး အသုံးနည်းပါတယ်။ ပါတီကိုသာ   ရွေးချယ် မဲပေးတဲ့စနစ် (Closed List) ဟာ Party List Voting ရဲ့ မူလပုံစံဖြစ်ပါတယ်။   ဒီစနစ်အရ   ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းကို တိုက်ရိုက် မဲပေးရွေးချယ်ခွင့်မရှိဘဲ ပါတီကိုသာ   မဲပေးရပါ တယ်။ မိမိနှစ်သက်ရာ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းကိုလည်း မဲပေးနိုင်ပါတယ်။   ပါတီများက ရရှိတဲ့ ဆန္ဒမဲပေါ်မူတည်ပြီး မူလတင်သွင်းထားတဲ့ ဦးစားပေးအစီအစဉ်အတိုင်း   ကိုယ်စားလှယ်များ ရရှိကြမှာ ဖြစ်ပါတယ်။ 

 


ဒီစနစ်မှာ      ယှဉ်ပြိုင်တဲ့ပါတီတွေအတွက် ကိုယ်စားလှယ်နေရာ ခွဲဝေပုံတွက်ချက်နည်းအမျိုးမျိုး ရှိတာကို တွေ့ရှိရပါတယ်။ အလွယ်ကူဆုံးနဲ့ အသုံး အများဆုံး တွက်ချက်နည်းကတော့   အကြွင်းမဲ့ (လက်ကျန်မဲ)  အများဆုံးကိုယူတဲ့    ပုံသေနည်း The Largest Remainder Formula ဖြစ်ပါတယ်။ 

 


ဒီနည်းလမ်းမှာ Quota ကို  အရင်သိထားဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံရဖို့အတွက်  အနည်းဆုံးရရှိရမယ့် ခိုင်လုံမဲကို Quota သို့မဟုတ် Threshold လို့ ဆိုပါ တယ်။   အသုံးများတဲ့     တွက်နည်းအချို့ကတော့ Droop Quota နဲ့ Hare Quota ပဲ ဖြစ်ပါတယ်။ Droop Quota Method ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက် + ၁ နဲ့ စားပြီး ရတဲ့ ရလဒ်ကို + ၁ ထပ်ပေါင်းခြင်းပဲ ဖြစ်ပါတယ်။ 

 


ကိုယ်စားလှယ်တစ်ဦးအတွက် 
အနည်းဆုံးရရှိရမည့် အခြေခံမဲ 
(Threshold) =               + ၁
ပဲ ဖြစ်ပါတယ်။ Hare Quota Method  ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်နဲ့ စားခြင်းပဲ ဖြစ်ပါတယ်။ လာမည့်ရွေးကောက်ပွဲမှာ Droop Quota Method ကို အသုံးပြုမှာ ဖြစ်ပါတယ်။

 


ပထမအဆင့်အနေနဲ့  ခိုင်လုံမဲအရေအတွက် စုစုပေါင်းကို ကိုယ်စားလှယ်လောင်းနေရာ စုစုပေါင်း  + ၁ နဲ့ စားပြီး ရလဒ်မှာ + ၁ ထပ်ပေါင်းခြင်း  ဖြစ်ပါ တယ်။ ကိုယ်စားလှယ်လောင်းတစ်ဦး မဖြစ်မနေ ရရှိရမယ့် ခိုင်လုံမဲအရေအတွက် Threshold   ကို သတ်မှတ်ပါတယ်။ ဥပမာ- ဆန္ဒမဲအရေအတွက် စုစုပေါင်း (၁၀၀၀၀၀) ဖြစ်ပြီး ကိုယ်စားလှယ်နေရာ ၉ နေရာဖြစ်မယ်ဆိုရင် ကိုယ်စားလှယ်တစ်ဦး ရရှိ ရမယ့် မဲဝေစု (quota)ဟာ (၁၀၀၀၁) ဖြစ်ပါတယ်။ သက်ဆိုင်ရာပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများ အနေနဲ့ မဲဝေစုတစ်စုလျှင် ကိုယ်စားလှယ်တစ်နေရာ နှုန်း ကိုယ်စားပြုရရှိမှာ ဖြစ်ပါတယ်။ 

 


ဒီလိုကိုယ်စားလှယ်နေရာများကို  တွက်ချက် ခွဲဝေရာမှာ ပါတီမှာဖြစ်စေ၊ တစ်သီးပုဂ္ဂလမှာဖြစ်စေ မဲဝေစုတစ်စုမပြည့်တဲ့ မဲလက်ကျန် Remainder များရှိနေတတ်ပါတယ်။ အလားတူ အဲဒီမဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်နေရာများလည်း ကျန်နေ တတ်ပါတယ်။  ဒါကြောင့် ဒုတိယအဆင့်အနေနဲ့ ကျန်ရှိနေတဲ့ ကိုယ်စားလှယ်နေရာကို မဲဝေစု တစ်စု မပြည့်ဘဲကျန်ရှိနေတဲ့ မဲလက်ကျန်အများဆုံးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများအလိုက်   ထပ်မံပြီး  ခွဲဝေရရှိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ပါတီများဟာ မိမိတို့ရရှိတဲ့ မဲအရေအတွက် ရာခိုင် နှုန်းနဲ့အနီးစပ်ဆုံးသော ကိုယ်စားလှယ်နေရာ အရေ အတွက်ကို ရရှိမှာ ဖြစ်ပါတယ်။

 


PR စနစ်ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများ မှာ Electoral Threshold ကို ကျင့်သုံးပါတယ်။ Threshold ရာခိုင်နှုန်းကိုတော့ တစ်နိုင်ငံတစ်မျိုး စိတ်ကြိုက်သတ်မှတ်ပါတယ်။    ဥပမာ -  တောင် ကိုရီးယားနိုင်ငံအပါအဝင်  ၁၄ နိုင်ငံက  Threshold ၅ ရာခိုင်နှုန်း ထားပါတယ်။      ဂျာမနီအပါအဝင် ၂၆ နိုင်ငံကတော့ ၆ ရာခိုင်နှုန်း ထားပါတယ်။  ဒီလို ထားမယ်ဆိုရင်    မဲဆန္ဒနယ်တစ်ခုမှာ      ခိုင်လုံမဲ ၅ ရာခိုင်နှုန်းမှ မရတဲ့ပါတီဟာ ကိုယ်စားလှယ်တစ်ဦး မှ မရတာဖြစ်နိုင်ပါတယ်။   မြန်မာနိုင်ငံအနေနဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့  ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ တိုင်းရင်းသားလူမျိုး စုပါတီများ၊ ပါတီငယ်များမှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရနိုင်ရေးအတွက် Electoral Threshold ရာခိုင်နှုန်းမသတ်မှတ်ဘဲ   ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲ Quota ကိုပဲ  Thre-shold သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

 


ပါတီနဲ့ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်တဲ့ စနစ် (Open List) မှာတော့ မဲဆန္ဒရှင်များအနေနဲ့ ပါတီကိုသာမက မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ် လောင်းတစ်ဦးချင်းကိုပါ တိုက်ရိုက်မဲပေးရွေးချယ် ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်လောင်းကရရှိသောမဲများဟာ ၎င်းရဲ့ပါတီရရှိတဲ့မဲများ    ဖြစ်ပါတယ်။ မဲအများဆုံးရရှိတဲ့   ကိုယ်စားလှယ်လောင်းများ ဟာ ၎င်းရဲ့ပါတီစာရင်းမှာ    ထိပ်ဆုံးနေရာကနေ အစဉ်လိုက် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။

 


Party List PR စနစ်  ကျင့်သုံးမယ်ဆိုပါက မဲပေးခြင်းနဲ့ မဲရေတွက်ခြင်း ရိုးရှင်းလွယ်ကူပါတယ်။ ပါတီအသီးသီးအနေနဲ့ လွှတ်တော်မှာ   တိကျစွာ ကိုယ်စားပြုခွင့်ကိုရရှိစေမှာဖြစ်ပြီး   ဆန္ဒမဲများ အလဟဿဖြစ်မှုကိုလည်း နည်းပါးစေမှာ  ဖြစ်ပါ တယ်။ ဒါ့အပြင် တိုင်းရင်းသားလူနည်းစုများ၊ အမျိုး သမီးများ အပါအဝင်    ပါတီအများစုကို   မျှတတဲ့ ကိုယ်စားပြုခွင့် ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 


အစီအစဉ်တင်ဆက်သူ ။    ။    ရွေးကောက်ပွဲ   စနစ်             တွေမှာ PR အုပ်စုက အများဆုံးနဲ့ FPTP  အုပ်စုက   ဒုတိယအများဆုံး ကျင့်သုံးတာတွေ့ရတဲ့အတွက်   ဒီစနစ်နှစ်မျိုးရဲ့ အဓိက ကွဲပြားခြားနားချက်နဲ့    အားနည်းချက်၊ အားသာချက်တွေကိုလည်း      နှိုင်းယှဉ်သိပါရစေ ခင်ဗျား။
ဦးခင်မောင်ဦး ။    ။    အချိုးကျကိုယ်စားပြုစနစ်            (PR)နဲ့  မဲအများဆုံးရသူ အနိုင်ရတဲ့ FPTP စနစ်အသီးသီးမှာ  အားနည်း/ အားသာချက်အပါအဝင် ခြားနားချက်များစွာ ရှိပါ တယ်။ အဓိကခြားနားချက်က  မဲဆန္ဒရှင်ပြည်သူများ ကပေးလိုက်တဲ့ ဆန္ဒမဲများရဲ့တန်ဖိုးနဲ့ သက်ရောက် မှု ကွာခြားခြင်းဖြစ်ပါတယ်။ FPTP စနစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲများမှာ  အနိုင်ရသူရရှိတဲ့   ဆန္ဒမဲ အရေအတွက်ဟာ ခိုင်လုံမဲစုစုပေါင်းရဲ့ ထက်ဝက် အောက်ရှိသော်လည်း    ယင်းကိုယ်စားလှယ်ကို ပေးလိုက်တဲ့ ဆန္ဒမဲများကသာ တန်ဖိုးနဲ့သက်ရောက် မှုရှိပြီး ကျန်ဆန္ဒမဲများဟာ တန်ဖိုးနဲ့သက်ရောက်မှု လုံးဝမရှိ အဟောသိကံ၊ အလဟဿဖြစ်ခြင်း ဖြစ်ပါ တယ်။ 

 


အချိုးကျကိုယ်စားပြုစနစ်နဲ့       ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေး ပါတီများ၊ တစ်သီးပုဂ္ဂလများ အပါအဝင်တို့ကို မဲဆန္ဒ ရှင်များကပေးလိုက်တဲ့ ဆန္ဒမဲအရေအတွက်  စုစု ပေါင်း အပေါ်  မိမိတို့ရရှိတဲ့ ဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာရရှိခြင်းဖြင့်   ဆန္ဒမဲအားလုံး နီးပါးရဲ့တန်ဖိုးနဲ့ သက်ရောက်မှုရှိခြင်းပင် ဖြစ်တယ်။ ဒါ့ကြောင့်လည်း FPTP စနစ်နဲ့ ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို လေ့လာ ပါက တစ်နိုင်ငံလုံးအတိုင်းအတာအရ   ပါတီတွေ ရရှိတဲ့ခိုင်လုံမဲများရဲ့ရာခိုင်နှုန်းနဲ့ လွှတ်တော်အမတ် ရရှိတဲ့ရာခိုင်နှုန်းအချိုးအစား   ညီညွတ်မျှတမှုမရှိ ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

 


အချိုးကျကိုယ်စားပြုစနစ် (PR)ရဲ့    အဓိက အားသာချက်တွေကတော့ မဲဆန္ဒရှင်ပြည်သူများက ပေးတဲ့ဆန္ဒမဲများ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးခြင်းဖြစ်တဲ့အပြင် အားသာချက်တွေ ကတော့ -


    v    ကိုယ်စားပြုမှုကို အချိုးကျသတ်မှတ်ခြင်း ဖြစ်၍ အချိုးအစားကျနသော   ဥပဒေပြု လွှတ်တော်ကို  ပုံဖော်နိုင်ပြီး   ပါတီစုံစနစ် (Multi-party System)  ကို    ပေါ်လွင် အားကောင်းစေခြင်း၊
    v     လွှတ်တော်အတွင်း      ပါတီကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ကန့်သတ်ပေးခြင်း နှင့် ပါတီကြီးတစ်ခု၏ မူဝါဒနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်း၊
    v     လူနည်းစုများ၏    ဆန္ဒသဘောထားကို ဖော်ထုတ်နိုင်ပြီး ပါတီငယ်များအနေဖြင့် ပါတီကြီးများကဲ့သို့   ကိုယ်စားလှယ်နေရာ ရရှိနိုင်ပြီး   ပါတီတစ်ခုတည်း၏   ကြီးစိုး လွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊
    v     မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရသော ပါတီစုံမှကိုယ်စားလှယ်များသည်  မဲဆန္ဒ နယ်တစ်ခုလုံး၏   ကိုယ်စားလှယ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းရှိ ပြည်သူလူထုအားလုံး ကို ကိုယ်စားပြုသဖြင့်    ကိုယ်စားလှယ် အချင်းချင်း၊ ပါတီအချင်းချင်း ပြည်သူလူထု ထောက်ခံမှုရရှိရေး အပြိုင်ကြိုးစားစေသည့် အားသာချက်ရှိခြင်း၊
    v     စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် အသုံး ပြုခြင်းဖြင့် လူပုဂ္ဂိုလ်ထက် ပါတီဦးဆောင်မှု မြင့်မားစေပြီး ပါတီများ၏ မူဝါဒလမ်းစဉ် များ ပိုမိုတည်တံ့ခိုင်မြဲစေခြင်း၊
    v     မဲဆန္ဒရှင်များအနေဖြင့်     မဲရုံများသို့ သွားရောက်မဲပေးခြင်းသည် တန်ဖိုးရှိသည် ဟူသောအမြင်နှင့်  ယုံကြည်မှုမြင့်မားလာ ပြီး မဲပေးမှုရာခိုင်နှုန်း (Voter Turn Out) ကောင်းလာစေခြင်း၊
    v     ပါတီစုံနှင့်  လူတန်းစားစုံ၊    အလွှာစုံမှ ကိုယ်စားလှယ်များ       ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရတစ်ရပ် ဖွဲ့စည်းဖော်ဆောင်နိုင်ခြင်း၊
    v    တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီ များအနေဖြင့် ကိုယ်စားလှယ်နေရာ   ပိုမို ရရှိပြီး ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ပိုမိုပါဝင်ခွင့် ရရှိခြင်း၊
    v     တိုင်းရင်းသားပါတီများ       အနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့်   ပြည်နယ် လွှတ်တော်များတွင်     ပိုမိုပါဝင်ခွင့်ရရှိပြီး မိမိတိုင်းရင်းသားမျိုးနွယ်စု၏   အကျိုးကို ပိုမိုဖန်တီးဖော်ဆောင်နိုင်ခြင်း၊
    v     လွှတ်တော်အတွင်း ပါတီစုံ၊ တိုင်းရင်းသား လူမျိုးစုံ ကိုယ်စားလှယ်များနှင့် အမျိုးသမီး ကိုယ်စားလှယ်များ စုံညီမျှတစွာ အချိုးကျ ကိုယ်စားပြုခွင့်ရရှိခြင်းဖြင့် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု ကြီးပေါ်ထွန်းရေး အထောက်အကူဖြစ်ခြင်း တို့ ဖြစ်ပါတယ်။

 


အစီအစဉ်တင်ဆက်သူ    ။    ။    ကျွန်တော်တို့             မြန်မာနိုင်ငံမှာ လည်း လွှတ်တော်ရွေးကောက်ပွဲတွေမှာ   FPTP စနစ်ကနေ PR စနစ်ကို  ပြောင်းလဲကျင့်သုံးတော့ မယ်လို့  သတင်းစကားများ    ကြားသိနေရပါပြီ။ ဒီအတွက် PR စနစ် ပြောင်းလဲမယ့်အလားအလာ တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပေးပါဦး ခင်ဗျား။
ဦးခင်မောင်ဦး    ။    ။    မြန်မာနိုင်ငံ      ဥပဒေပြု            လွှတ်တော်ရွေးကောက်ပွဲ များမှာ     FPTP စနစ်ကနေ  PR စနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး အလားအလာများနဲ့ပတ်သက်ပြီး ၁၃-၇-၂၀၁၂ ရက်နေ့က နိုင်ငံရေးပါတီ ၁၀ ပါတီ ပါဝင်တဲ့ ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲ စနစ်ပြုပြင်ရေးနဲ့ ပတ်သက်လို့  သဘောထားအကြံ ပြုချက်တင်ပြစာကို   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း   သိရှိခဲ့ရပါတယ်။

 


ပထမအကြိမ်   လွှတ်တော်သက်တမ်းကာလ အတွင်းကလည်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များရွေးချယ်ရာမှာ အချိုးကျကိုယ်စားပြုစနစ် ကို ကျင့်သုံးဖို့အတွက် လွှတ်တော်ကအဆုံးအဖြတ် ပေးပါရန် အဆိုကို ၃-၆-၂၀၁၄ ရက်နေ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက  အဆိုတင်သွင်းခဲ့ရာမှာ  အဆိုအောင်မြင်ခဲ့တဲ့အတွက်  အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ  အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော် ရေးကော်မရှင်ကိုနှင့်         အမျိုးသားလွှတ်တော်က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး    ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

 


အကောင်အထည်ဖော်ရေးကော်မရှင်အနေနဲ့ အချိုးကျကိုယ်စားပြုစနစ်            ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်ပွဲဒီဇိုင်းပုံစံအလိုက် အားသာချက်နဲ့ အားနည်းချက်တွေကိုဆွေးနွေးလေ့လာပြီး  အမျိုး သားလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း    ယင်းသက်တမ်း ကာလအတွင်းမှာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိခဲ့တာကို လေ့လာသိရှိခဲ့ရပါတယ်။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ နောင်ကျင်းပပြုလုပ်မယ့်  ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီမယ့်  ရွေးကောက်ပွဲ စနစ်ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တည်ဆဲနိုင်ငံရေးပါတီ များ တွေ့ဆုံဆွေးနွေးခြင်းများကို   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ တွေမှာ  လေးကြိမ်ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီ အများစု တက်ရောက်ခဲ့ပါတယ်။ ပထမနှစ်ကြိမ်ကို နေပြည်တော်တွင်   ဆောင်ရွက်ခဲ့ပြီး     အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရေးကို မူအားဖြင့် သဘော တူညီခဲ့ကြပါတယ်။ ဒုတိယနှစ်ကြိမ်ကို ရန်ကုန်မြို့ မှာ ဆောင်ရွက်ခဲ့ပြီး   ပါတီများရဲ့    စာတမ်းများ ဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇီုင်းနဲ့စပ်လျဉ်းပြီး ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်း၍ စာတမ်း များ ဖတ်ကြားရှင်းလင်းခြင်းတို့   ဆောင်ရွက်ခဲ့ပါ တယ်။ ရရှိတဲ့ ဘုံသဘောတူညီချက်တွေကတော့-


    v     လာမည့်ရွေးကောက်ပွဲများတွင် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List – PR) စတင်ကျင့်သုံးရန်၊
    v     မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက် မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List – PR) သို့မဟုတ် အခြား PR စနစ် တစ်မျိုးမျိုးကို ပြောင်းလဲကျင့်သုံးရန်၊
    v     ဖွဲ့စည်းပုံအခြေခံဥပဒေအရ    သတ်မှတ် ထားသည့် လွှတ်တော်အလိုက် ရွေးကောက် တင်မြှောက်ရမည့်    လွှတ်တော်ကိုယ်စား လှယ်အရေအတွက် မပြောင်းလဲဘဲ မဲဆန္ဒ နယ်များကိုပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ် ဆောင်ရွက်ရန်၊
    v     ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က)ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ       တိုင်း/ဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁(ခ)ပါ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်   ၁ ဦးစီ    ရွေးကောက် တင်မြှောက်ရန်အတွက်  ယခင်ကျင့်သုံးခဲ့ သည့် FPTP   စနစ်ကိုသာ   ဆက်လက် ကျင့်သုံးရန်၊
    v     Closed List PR အတွက်  နိုင်ငံရေးပါတီ များက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းအမည်စာရင်းအား ဦးစားပေးအစီ အစဉ်အတိုင်း ကော်မရှင်သို့ ကြိုတင်တင်ပြ ရန်၊
    v     မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့် ပါတီနှင့် ၎င်းပါတီကိုယ်စားပြု  ကိုယ်စား လှယ်လောင်းများကိုသိရှိနိုင်ရန်    ပါတီ အမည်အောက်တွင် ကိုယ်စားလှယ်လောင်း အမည်နှင့် ဓာတ်ပုံဖော်ပြထားသော ဗီနိုင်း ပိုစတာများအား ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကပ်ထားရန်၊
    v     Closed List PR စနစ်၏  မဲရေတွက်မှု နည်းလမ်းအရ       ရိုးရှင်းလွယ်ကူသော လက်ကျန် မဲအများဆုံး စနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ် အလိုက် ခိုင်လုံမဲအပေါ်မူတည်၍ ကိုယ်စား လှယ်တစ်ဦးရရှိရမည့် အနိမ့်ဆုံး အခြေခံမဲ (Threshold) သတ်မှတ်ရန်၊
    v    PR စနစ်၏  ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော် လည်းကောင်း၊        ညွှန်ကြားကြပ်မတ် ထိန်းကျောင်းခြင်းဖြင့်     လည်းကောင်း ကန့်သတ်ရန်၊
    v    ပြောင်းလဲကျင့်သုံးမည့်   PR   စနစ်ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံ မှူး၊ မဲရုံအဖွဲ့ဝင်များနှင့်  မဲဆန္ဒရှင်ပြည်သူ များ    နားလည်သဘောပေါက်စေရန် ‌ရွေးကောက်ပွဲဆိုင်ရာ   အသိပညာ‌ပေး လုပ်ငန်းများ ဆောင်ရွက်သွားရန်။

 


အစီအစဉ်တင်ဆက်သူ    ။    ။    ပြည်ထောင်စု            ရွေးကောက် ပွဲ ကော်မရှင်နဲ့  နိုင်ငံရေးပါတီများ သဘောတူညီ ချက်အရ လာမည့်ရွေးကောက်ပွဲတွေမှာ Closed List – PR ကို ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့အတွက် Closed List–PR စနစ်နဲ့ ဆောင်ရွက်ရမယ့်  လုပ်ငန်း စဉ်များနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဘာတွေများ ကြိုတင်ပြင်ဆင်ဆောင်ရွက် နေပြီလဲဆိုတာ ဆွေးနွေးပေးပါခင်ဗျား။
ဦးခင်မောင်ဦး    ။    ။    မြန်မာနိုင်ငံဟာ   စစ်မှန်            ပြီး စည်းကမ်းပြည့်ဝတဲ့  ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။  ဒီမို ကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲ တွေကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပြီး အရည်အချင်း ပြည့်မီတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးရမယ့် လုပ်ငန်းဖြစ်လို့  နိုင်ငံအတွက်   အလွန်အရေးကြီး ပါတယ်။  ဒါ့ကြောင့်လည်း   လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် FPTP အစား လူထုကိုယ်စား ပြုမှုကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ပြီး နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေနဲ့ကိုက်ညီမယ့်  ရွေးကောက်ပွဲ စနစ် PR ကို ပြုပြင်ပြောင်းလဲကျင့်သုံးဖို့ လိုအပ်လာ ပါတယ်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ ဆွေးနွေးသဘောတူညီချက် အရ Closed List –PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ပါတယ်။  PR စနစ် ပြောင်းလဲကျင့်သုံးဖို့ ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ လိုက်လျော ညီထွေမှုရှိကြောင်း      သုံးသပ်တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၄၁  အမျိုးသားလွှတ်တော်ဖွဲ့စည်း ခြင်း၊  ပုဒ်မ   ၁၆၁  တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်း ချက်များအရ   သတ်မှတ်ထားတဲ့    လွှတ်တော် ကိုယ်စားလှယ်ဦးရေကို     ပြောင်းလဲခြင်းမပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အရ မဲဆန္ဒနယ်များကို PR စနစ်နဲ့ လိုက်လျောညီထွေ စွာ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။

 


 ဒုတိယအချက်အနေနဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲကျင့်သုံးမယ့် PR စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက် အသစ်များနဲ့ တစ်ဆက်တစ်စပ်တည်း နည်းဥပဒေ များနဲ့ လုပ်ငန်းလမ်းညွှန်များကိုလည်း   ပြင်ဆင် ရေးဆွဲထားပြီး ဖြစ်ပါတယ်။ 

 


တတိယအချက် အနေနဲ့ကတော့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နဲ့ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများကို ဥပဒေ၊   နည်းဥပဒေ၊   လုပ်ထုံး လုပ်နည်းများနဲ့ပတ်သက်ပြီး ဌာနတွင်းရွေးကောက်ပွဲ ပညာပေးသင်တန်း  Internal   Training   များ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ မဲဆန္ဒ ရှင် အသိပညာပေးခြင်းအစီအစဉ် Civic and Voter Education Programme တွေကိုလည်း ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ 

 


စတုတ္ထအချက်အနေနဲ့ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံး အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနဲ့စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့        ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၄၁   အမျိုးသားလွှတ်တော် ဖွဲ့စည်းရာမှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက် ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ   ပုဒ်မ ၁၆၁ တိုင်း ဒေသကြီးလွှတ်တော်    သို့မဟုတ်   ပြည်နယ် လွှတ်တော်ဖွဲ့စည်းရာမှာပါရှိတဲ့ သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ် ချက်နဲ့အညီရရှိမယ့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ တစ်ဦးစီ ရွေးကောက် တင်မြှောက်ရမှာဖြစ်လို့ FPTP    စနစ်နဲ့သာ ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ 


(ဆက်လက်ဖော်ပြပါမည်)