အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊    မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

 

 

နေပြည်တော်     ဇန်နဝါရီ      ၁၁
ယနေ့  မွန်းလွဲ  ၁ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်း များနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ  ရေခိုး၊ ရေငွေ့ပါသည့် လေများ တိုက်ခတ်လာခြင်းကြောင့်လည်းကောင်း  ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း                                              
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊   ရှမ်းပြည် နယ်၊   ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်    နေပြည်တော်၊    စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊    မန္တလေး တိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီး၊    တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။
အကြံပြုချက်
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊   မိုးကြိုးပစ်ခြင်း၊  လျှပ်စီးလက်ခြင်းနှင့်   မိုးသီး ကြွေခြင်း     စသည့်မိုးလေဝသဖြစ်စဉ်များ   ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ