အခြေခံပညာကျောင်းများ စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်   ဩဂုတ်   ၂၀


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦး‌ဗိုလ်ဌေးသည် ဒုတိယမြို့တော် ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် အတူ   ယနေ့ နံနက်ပိုင်းက    ဗိုလ်တထောင်မြို့နယ် (၁၀)ရပ်ကွက် အနော်ရထာလမ်း အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်    စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏   ကြီးကြပ်မှုဖြင့်   ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ် များ၊ သစ်ပင်အောက်တက်များနှင့် အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး ကျောင်းအုတ်နံရံ တွယ်ကပ်ပင်များ ရှင်းလင်းရန်၊ ဘတ်စကက်ဘောကွင်းကို     ပြန်လည်ပြုပြင်ရန် မှာကြားသည်။

 


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပုဇွန်တောင် မြို့နယ် (၇) ရပ်ကွက် အထက်ပုဇွန်တောင်လမ်း ပုဇွန်တောင်ဈေးအနီး   ဆားလင်းပရိယတ္တိစာသင် တိုက်သို့လည်းကောင်း၊   ဒေါပုံမြို့နယ်   နွယ်အေး ရပ်ကွက်  ခေမာသွယ်လမ်း အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းသို့လည်းကောင်း၊ သာကေတ မြို့နယ်  ၄/မြောက်ရပ်ကွက်  အောင်ဇေယျလမ်း အမှတ် (၁၅)  အခြေခံပညာမူလတန်းကျောင်းသို့ လည်းကောင်း သွားရောက်၍ ရေမြောင်းများ အတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင် ချုံနွယ်များ   ခုတ်ထွင်ရှင်းလင်းခြင်း၊   သွေးလွန် တုပ်ကွေးရောဂါ     ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး      လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ 


သတင်းစဉ်