အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

 

နေပြည်တော် ဇူလိုင် ၁

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက် တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ပညာသင်ကြား ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် လျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများက COVID-19 စည်းမျဉ်းစည်းကမ်း များနှင့်အညီ တက်ရောက် ပညာသင်ကြားလျက် ရှိသည်။


ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ


ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ   အဆင်ပြေချောမွေ့စွာ   ပညာ သင်ကြားနိုင်ရေးအတွက်      လိုအပ်သည်များ ဆောင်ရွက်ပေးပြီး    ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား   ကျောင်းသူများ   လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်