
နေပြည်တော် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး နတ်ရေကန် ငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေး နှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို စက်တင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိ နတ်ရေကန်ငါးစခန်း တွင် ဖွင့်လှစ်ပို့ချပေးသည်။
သင်တန်းတွင် မန္တလေးခရိုင် ငါးလုပ်ငန်း ဦးစီးမှူး ဦးဌေးမင်းက ငါးလုပ်ငန်းဦးစီးဌာန မှ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်၊ နည်းစနစ်ကျနစွာ မွေးမြူတတ်စေရန်၊ ငါးမွေးသူများကိုယ်တိုင် ငါးသားပေါက် ထုတ်လုပ် မွေးမြူတတ်စေရန်၊ အစား အသောက်ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူ ရေး ရေထွက်ကုန်ငါးရိက္ခာများ ထုတ်လုပ်နိုင် စေရန် ရည်ရွယ်၍ အခြေခံငါးမွေးမြူရေး နှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း ပြောကြားသည်။
သင်တန်းသို့ အမရပူရမြို့နယ်မှ ငါး မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူ သင်တန်းသား ၁၆ ဦး တက်ရောက်ပြီး စခန်း တာဝန်ခံ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်း များက စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးကြောင်း သိရသည်။
သတင်းစဉ်