အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ ထူးချွန်သင်တန်းသူများအား အပ်ချုပ်စက်များ ချီးမြှင့်

 

ပဲခူး   ဇူလိုင်   ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    မဲခေါင်- လန်ချန်း    နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းအရ  ဖွင့်လှစ်ခဲ့သည့် အခြေခံအပ်ချုပ် စက်သင်တန်း(၁/၂၀၂၃)ဆင်းပွဲ အခမ်း  အနားကို ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရွာသစ်ကျေးရွာ သင်တန်းခန်းမ၌  ယမန်နေ့က ကျင်းပခဲ့သည်။
ဦးစွာ  တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က     သင်တန်းဆင်း အမှာစကားပြောကြားပြီး  ထူးချွန်ဆုရရှိသည့် သင်တန်းသူလေးဦးအား အပ်ချုပ်စက်တစ်လုံးစီ ချီးမြှင့်ပေးအပ်သည်။ (အောက်ပုံ)
ထို့နောက် တိုင်းဒေသကြီး   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးဌာနမှူး     ညွှန်ကြားရေးမှူးနှင့်        တာဝန်ရှိသူများက သင်တန်းသူများမှ အဝတ်အထည်များအား    လက်တွေ့ချုပ်ပြနေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ   စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းအရဖွင့်လှစ်ခဲ့သည့်    အခြေခံအပ်ချုပ်စက် သင်တန်း(၁/၂၀၂၃)အား ဇွန် ၁ ရက်တွင်   ဖွင့်လှစ်ခဲ့ပြီး    သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။  
မောင်ကျော်ကြီး