“အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်     အောက်တိုဘာ    ၂၀  


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်း များ၏  လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရန်   ရည်ရွယ်သည့်    Knowledge Sharing    Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk)၏ အမှတ်  စဉ်(၃၄) ဆွေးနွေးပွဲကို “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု”   ခေါင်းစဉ်ဖြင့်  ယနေ့  မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁)၌ ကျင်းပသည်။ 


ဦးစွာ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က      ယနေ့ ဆွေးနွေးတင်ပြမည့် အကြောင်း အရာခေါင်းစဉ်ပါ        “အခြေခံ အဆောက်အအုံကဏ္ဍ     ရင်းနှီး မြှုပ်နှံမှု” သည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်  လွန်စွာအရေးကြီးပါ ကြောင်း၊ အခြေခံအဆောက်အအုံ ဆိုရာတွင်      အမာစားအခြေခံ အဆောက်အအုံ (Hard Infras-tructure) ကို   ရုပ်ဝတ္ထုဆိုင်ရာ အခြေခံအဆောက်အအုံ  (Physi-cal Infrastructure)နှင့် စီးပွားရေး ဆိုင်ရာ    အခြေခံအဆောက်အအုံ (Economic    Infrastructure) ဟူ၍လည်းကောင်း၊    အပျော့စား အခြေခံ  အဆောက်အအုံ   (Soft Infrastructure)  ကို   လူမှုရေး ဆိုင်ရာ အခြေခံအဆောက်အအုံ (Social Infrastructure)   ဟူ၍ လည်းကောင်း  အခြေခံအဆောက် အအုံ         နှစ်မျိုးခွဲခြားနိုင်ပါ ကြောင်း။


ကမ္ဘာ့နိုင်ငံများ၌    အခြေခံ အဆောက်အအုံများကို     တည် ဆောက်ရာတွင်  အစိုးရမှ   တည် ဆောက်ရေးအတွက် ငွေလုံးငွေရင်း  အသုံးစရိတ်များ   လျာထားကာ တည်ဆောက်သကဲ့သို့   ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့်       အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public- Private Partnerships- PPPs)   ပုံစံအမျိုးမျိုးဖြင့်   ရင်းနှီး မြှုပ်နှံမှု      ဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုတွင် လည်း  ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ရင်းနှီး  မြှုပ်နှံမှု (Physical Investment)၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု    (Finan-cial Investment) နှင့် အနာဂတ် ကို မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံသည့် လူသားရင်းနှီးမြှုပ်နှံမှု  (Human Investment) ဟူ၍ ရင်းနှီးမြှုပ်နှံမှု သုံးမျိုးရှိပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည်     နိုင်ငံ့စီးပွား     ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်စေရေးနှင့်    နိုင်ငံခြား စီးပွားဆက်သွယ်ဆောင်ရွက်ခြင်း ဖြင့်   ဝန်ဆောင်မှုများ    ပေးလျက် ရှိပါကြောင်း၊  သို့ဖြစ်၍ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်အခြေ ခံကျသော     အခြေခံအဆောက် အအုံ  ကဏ္ဍများဖြစ်သည့်   စီးပွား ရေးနှင့်  လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ (Economic and   Social  Infrastructures) တို့တွင်   ရင်းနှီးမြှုပ်နှံမှုများ   ပိုမို ဝင်ရောက်လာစေရေး ဖိတ်ခေါ်နိုင် ရမည်ဖြစ်ပါကြောင်း   တိုက်တွန်း မှာကြားသည်။


ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာ က “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု”     ခေါင်းစဉ်ဖြင့် အသေးစိတ်     ရှင်းလင်းဆွေးနွေး ခဲ့ပြီး      တက်ရောက်လာကြသူ များက        သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ  ပြည်ထောင်စုဝန်ကြီးက    လိုအပ် သည်များ     ဖြည့်စွက်ဆွေးနွေး သည်။ 
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊   ညွှန်ကြားရေးမှူးချုပ်နှင့်     အရာ ထမ်း/ အမှုထမ်းများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်