အခြေအမြစ်မရှိသည့်သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ်ထုတ်လွှင့်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကိုချိုးဖောက်၍ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၆


ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့သည် ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ပူးတွဲကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် လုံခြုံရေးတပ်ဖွဲ့များက အရပ်သားပြည်သူများကို တိုက်ခိုက် နေသည့်ကိစ္စနှင့် အခြားစွပ်စွဲချက်များ ဖော်ပြပါရှိကြောင်း သိရှိရသည်။ 

 


ယင်းကိစ္စနှင့်ပတ်သက်၍  နိုင်ငံခြားရေးဝန်ကြီးဌာနသည်  အဆိုပါသံရုံးများသို့  ဒီဇင်ဘာ  ၂၆ ရက် တွင်   သံတမန်စာပေးပို့ပြီး   ၎င်းတို့ကြေညာချက်တွင်   ပါရှိသည့်အချက်များသည်   စိစစ်အတည်ပြု နိုင်ခြင်းမရှိသည့် သတင်းများကို အခြေခံထားကြောင်း၊ အစိုးရဆန့်ကျင်သူများ၊  အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများထံမှရရှိသည့် သတင်းများဖြစ်ကြောင်း၊ အဆိုပါ အခြေအမြစ်မရှိသည့် သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ် ထုတ်လွှင့်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေး ဆိုင်ရာ    ဗီယင်နာ ကွန်ဗင်းရှင်း၏   ပြဋ္ဌာန်းချက်များကို   ချိုးဖောက်၍   သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သောကြောင့် ယင်းသို့မပြုလုပ်ရန် သတိပေးခဲ့ကြောင်းနှင့် အဆိုပါထုတ်ပြန်ကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။  


သတင်းစဉ်