အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်

ပဲခူး   ဇန်နဝါရီ   ၃


လယ်ယာမြေမှအပ   ဥယျာဉ် ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေ များနှင့်    အခြားမြေများအား အခြားနည်းအသုံးပြုခွင့် လျှောက် ထားမှုများအပေါ်   မိမိတို့အစိုးရ အဖွဲ့က  ဥပဒေ၊  နည်းဥပဒေနှင့် အညီ     ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သောမြေဧရိယာများလျော့နည်းမှုမရှိစေရေး အနည်း ဆုံး  ဧရိယာကိုသာ    ခွင့်ပြုချထား ပေးလျက်ရှိကြောင်း   ပဲခူးတိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊      တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက ပြောကြားသည်။


ပြောကြား


ပဲခူးတိုင်းဒေသကြီး      အစိုးရ အဖွဲ့ရုံး   တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌  ယနေ့ နံနက်ပိုင်း တွင်ကျင်းပသည့်    ပဲခူးတိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး   (၁/၂၀၂၂)  တွင် ထိုသို့         ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က       အခြားနည်း အသုံးပြုခွင့်ရရှိထားသည့် မြေများ ၌  လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် ခြင်းမရှိသူများကို       စနစ်တကျ စိစစ်သွားကြရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ     ကိစ္စရပ် များနှင့်ပတ်သက်၍   Town Plan ရေးဆွဲရာတွင်        တစ်ပါတည်း ထည့်သွင်းရေးဆွဲသတ်မှတ်ထားရန်နှင့်  အဆိုပါ ဧရိယာအတွင်း၌ သာ စက်မှုလုပ်ငန်းများ       စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သစ်တောမြေများ      အတွင်း ကျူးကျော်မှုများ     မရှိစေရေး အလေးထားကြီးကြပ်ဆောင်ရွက် သွားရန်နှင့်    လယ်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ       ကြိုတင် ဆောင်ရွက်ထားသည့်  မည်သည့် လုပ်ငန်းကိုမျှ ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း   ရပ်ကွက်နှင့် ကျေးရွာများအထိ       သိရှိစေရေး ဆောင်ရွက်သွားရန်နှင့်    တိုင်း ဒေသကြီးအတွင်း  ရသင့်ရထိုက် သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင် ရေး အခြားနည်း ခွင့်ပြုမိန့်များကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စက်မှုစီးပွားဂရန်လျှောက် ထား         ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်     ပြောကြား သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာနမှူးက      တိုင်းဒေသကြီး လယ်ယာမြေ    စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြ        လျှောက်ထားလာသည့် လယ်ယာမြေအခြားနည်း အသုံး ပြုခွင့် အမှုတွဲ(၁၅)တွဲနှင့် အယူခံ မှု သုံးတွဲတို့ကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဥပဒေ၊    လုပ်ထုံး လုပ်နည်းနှင့်အညီ   ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်


n