
ထွန်းကျော်
ဂျပန်အစိုးရဟာ နိုင်ငံခြားသားဝင်ရောက် မှု အပေါ် သူ့ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင် တားမြစ်မှုကာလကို ဖေဖော်ဝါရီလကုန် အထိ ထပ်တိုးလိုက်ပါတယ်။ ဒါဟာ နိုင်ငံ့အစိတ်အပိုင်းအတော်များများမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်လာပြီးတဲ့နောက်မှာ အခုလို ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်မှုကာလကို တိုးလိုက် တာပဲ ဖြစ်ပါတယ်။
ပြည်ဝင်ခွင့်တားမြစ်ချက်
ကာလတိုးမြှင့်
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက ဝင်ခွင့်တိုးမြှင့်ကာလကို ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိ ပြည်ဝင်ခွင့်တားမြစ်မှုကာလ ကို အိုမီခရွန်ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံ ခြားတိုင်းပြည်များမှ ပြန်လည်ဝင်ရောက် လာတဲ့ နိုင်ငံသားများကို တင်းကျပ်တဲ့ ကွာရန်တင်း စည်းမျဉ်းတွေသတ်မှတ် ပြဋ္ဌာန်းထားခြင်းနဲ့အတူ နိုဝင်ဘာ ၃၀ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။
တိုးမြှင့်ကာလကို ကြေညာလိုက် ခြင်းနဲ့အတူ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကိစ္စရပ်များနဲ့ နိုင်ငံအကျိုး စီးပွားကို နောက်ထပ် ထည့်သွင်းစဉ်းစား ရမယ်လို့ ကီရှီးဒါးက ပြောခဲ့ပါတယ်။
ကာကွယ်ဆေးမူဝါဒသစ်ကို
ထုတ်ဖော်ပြောကြား
ထို့အတူ ကီရှီးဒါးဟာ နောက်ဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမူဝါဒသစ် ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်ကြီးပိုင်းများအတွက် အပိုဆောင်း ကာကွယ်ဆေးထိုးနှံမှုအချိန်ကို ပြောင်း လိုက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမှုကို တိုးမြှင့်လုပ်ဆောင်ဖို့ အစိုးရဟာ ခရိုင်အာဏာပိုင်တွေကို ကာကွယ်ဆေး ထိုးနေရာတွေ စီမံဆောင်ရွက်ဖို့နဲ့ ထပ်မံ တိုးချဲ့ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်း ပြောကြားထားပါတယ်။ အစိုးရဟာ မတ်လထက်နောက်မကျဘဲ အများ ပြည်သူကို မော်ဒါနာကာကွယ်ဆေးနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးပေးဖို့ စီစဉ်ထားပါတယ်။
ကီရှီးဒါးက သူ့အစိုးရဟာ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ကြီးမားတဲ့ကာကွယ်ဆေးထိုးတဲ့ နေရာတွေကို လိုအပ်တာတွေ ထောက်ပံ့ မှုလုပ်ဆောင်ပေးမယ်လို့ ပြောပါ တယ်။
အစိုးရက အသက် ၁၂ နှစ်နဲ့ အထက် ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အိုမီ ခရွန်ဗိုင်းရပ်စ်ဟာ ဒီအသက်အရွယ် ပိုင်းကို ပိုပြီးကူးစက်ပျံ့နှံ့နိုင်တဲ့အတွက် အစိုးရအနေနဲ့ အခုလိုကြိုးစားလုပ်ဆောင် နေတာဖြစ်ပါတယ်။ ထို့အတူ အစိုးရ အနေနဲ့ အသက် ၁၂ နှစ်အောက် ကလေး ငယ်တွေကိုလည်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးဖို့ ခွင့်ပြုချက်ရရေး လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ပညာရေးမှာ
အဆင်ပြေအောင်လုပ်ဆောင်
ထို့အတူ ပညာရေးပိုင်းမှာလည်း ကီရှီးဒါးက အစိုးရအနေနဲ့ ကျောင်းတွေ ကိုလည်း သင့်တင့်တဲ့ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက်တွန်းပြောကြား ထားပါတယ်။ အထူးသဖြင့် စာမေးပွဲရက် သတ်မှတ်ပေးဖို့၊ ကျောင်းသားတွေကို နောက်ကျမှ စာရင်းသွင်းတာကိုလက်ခံ ပေးဖို့နဲ့ အွန်လိုင်းသင်ကြားမှုလျှောက်ထားတာတွေကိုလည်း လက်ခံပေးဖို့ စတဲ့ ဆောင်ရွက်ချက်တွေကို အဆင်ပြေ အောင် လုပ်ဆောင်ပေးဖို့တွေလည်း ပါဝင်ပါတယ်။
တစ်စိတ်တစ်ပိုင်းကန့်သတ်ချက်တွေ
ချမှတ်ဖော်ဆောင်
အစိုးရဟာ အိုကီနာဝါ၊ ယာမာဂူချီနဲ့ ဟီရိုရှီးမားခရိုင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို တားဆီးဖို့ တစ်စိတ်တစ်ပိုင်း ကန့်သတ်ချက်တွေ ချမှတ် အကောင်အထည်ဖော်ထားပါ တယ်။ ဇန်နဝါရီ ၉ ရက်ကစတင်လိုက်တဲ့ အဲဒီကန့်သတ်ချက်တွေဟာ ဒီလကုန် အထိ ကြာမြင့်မှာဖြစ်ပါတယ်။
တောင်ဘက်အကျဆုံး အိုကီနာဝါ ဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု နောက်ဆုံးဗဟိုချက်နေရာ ဖြစ်လာခဲ့ပါ တယ်။ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုဟာ ဒီလအစောပိုင်းမှာ ၁၇၀၀ ကျော် ရှိလာခဲ့ပါတယ်။ ဒီပမာဏဟာ ဒီနှစ် ပထမဆုံးရက်မှာ ကူးစက်ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ပမာဏ ထက် သုံးဆလောက်ပိုများပါတယ်။
အလုပ်မလုပ်နိုင်တဲ့ ဆေးဘက် ဆိုင်ရာဝန်ထမ်းတွေ များပြားလာတာနဲ့ အမျှ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ အိုကီနာဝါမှာရှိတဲ့ ဆေးရုံတွေမှာ တာဝန် ထမ်းဆောင်ဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို တာဝန်ချထားပါ တယ်။
ကိုဗစ်-၁၉ စစ်ဆေးမှုတွေ
အခမဲ့လုပ်ဆောင်
အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့လက္ခဏာ မရှိသော်လည်း ကိုဗစ်-၁၉ စစ်ဆေးချင်တဲ့ ဘယ်သူ့ကို မဆို ကိုဗစ်-၁၉ စစ်ဆေးမှုတွေ အခမဲ့ လုပ်ဆောင်ဖို့ ကမ်းလှမ်းထားပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုကျို မြို့ဟာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားတဲ့ ပထမဆုံးနေရာဖြစ်လာတယ် လို့ ဖော်ပြပြီးတဲ့နောက်မှာ အဲဒီလှုပ်ရှား မှုကို စတင်လုပ်ဆောင်ခဲ့တာပဲ ဖြစ် ပါတယ်။
ကျန်းမာရေးအခြေအနေ၊ အသက် အရွယ် သို့မဟုတ် ဘေးထွက်ဆိုးကျိုးကို ကြောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးတဲ့သူတွေကိုလည်း အခမဲ့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ အဲဒီကမ်းလှမ်း မှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီစိတ်ကူးဟာ ညစာအတူမစားခင်၊ လူမှု ရေးအခမ်းအနားတွေ မတက်ရောက်ခင် သို့မဟုတ် ခရီးမသွားခင်မှာ သူတို့မှာ ကိုဗစ်-၁၉ ကင်းစင်တယ်ဆိုတာကို လက်တွေ့သိမြင်သွားစေမှာဖြစ်ပါတယ်။
အိုကီနာဝါ၊ အိုဆာကာ၊ ဟော့ကိုင်းဒိုး ပါဝင်တဲ့ တခြားဒေသအစိုးရတွေအနေနဲ့ အလားတူ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ ပြည်သူတွေကို ကမ်းလှမ်းထားပါတယ်။ အသေးစိတ် အချက်အလက်တွေကို မြို့တော်စည်ပင် ဝက်ဘ်ဆိုက်မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
အခမဲ့စစ်ဆေးပေးမယ်
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လက္ခဏာမပြဘဲ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေတယ်လို့ သံသယဝင်နေတဲ့ သို့မဟုတ် ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက် ပြီး စိတ်ထဲမှာ ယုံမှားသံသယရှင်းသွားစေ ဖို့ လုပ်ဆောင်နေတဲ့ တိုကျိုဒေသခံတွေ ကို ကိုဗစ်-၁၉ စစ်ဆေးမှုတွေ အခမဲ့ စစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီဝန်ဆောင်မှု ပြီးဆုံးသွားတဲ့အခါ မှာလည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြတဲ့ တိုကျိုဒေသခံတွေနဲ့ ကျန်းမာရေး အခြေအနေ၊ အသက်အရွယ်အခြေအနေ၊ ဘေးထွက်ဆိုးကျိုးအခြေအနေကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးတဲ့သူတွေ ကို မတ် ၃၁ ရက်အထိ ဆက်လက်ပြီး အခမဲ့ ကိုဗစ်-၁၉ စစ်ဆေးပေးသွားဦး မှာဖြစ်ပါတယ်။
ကျော်လွှားနိုင်မယ်လို့ယုံကြည်
ဇန်နဝါရီ ၁၂ ရက်အထိ တိုကျိုမှာရှိတဲ့ နေရာပေါင်း ၁၉၀လောက်မှာ ကိုဗစ်-၁၉ အခမဲ့စစ်ဆေးမှုတွေ ဖြည့်ဆည်းပေး ထားပါတယ်။
တကယ် အရေးကြီးဆုံးကတော့ ပြည်သူတွေရဲ့အသက်ကို ကာကွယ်ဖို့ပဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကီရှီးဒါးက ပြောပါတယ်။ ဒါဟာ သေချာမသိတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း အကြောက်တရားမပိုဘဲ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုမျိုးနဲ့ ဒီအခြေအနေကို မိမိတို့ကျော်လွှားနိုင်မယ်လို့ ယုံကြည် ကြောင်း ကီရှီးဒါးက ခိုင်မာစွာပြောကြား ခဲ့ပါတယ်။
ကိုးကား-အင်န်အိတ်ချ်ကေ