အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူတစ်ဦးကို လက်ဘနွန်မြောက်ပိုင်းတွင် ဖမ်းဆီးမိ 


 

ဘေရွတ်   ဇူလိုင်   ၁၃ 


လက်ဘနွန်နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၂ ရက်က အိုင်အက်စ်အဖွဲ့ဝင် တစ်ဦးဟု သံသယရှိသူတစ်ဦးကို လက်ဘနွန်နိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။ 
အဆိုပါ သံသယရှိသူမှာရဲနှစ်ဦးနှင့် မြောက်ပိုင်းရှိ  ကာ့ဖ်တွန်  ကျေးရွာအကြီး အကဲ၏ သားကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သူဟု သိရသည်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် တရားဥပဒေအရ လုပ်ဆောင်ရန် ၎င်းကို တရားစီရင်ရေးအဖွဲ့သို့ လွှဲပြောင်း ပေးမည်ဖြစ်သည်။ 
လက်ဘနွန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် မိုဟာမက် ဖာ့မီကလည်း နိုင်ငံမြောက်ပိုင်းတွင် အကြမ်းဖက်သမားများက အဖွဲ့တည်ထောင်ကာ လုံခြုံရေးကို ထိပါးနှောင့်ယှက်မည့် သတင်းများရထားသည်ဟု ပြောသည်။
ဆင်ဟွာ