
ဒါကာ ဇန်နဝါရီ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ် - ၁၉ မျိုးကွဲအိုမီခရွန်ကူးစက်မှု ကြောင့် နောက်ထပ်ကူးစက်မှု အသစ်များ ဖြစ်ပေါ်လျက်ရှိသည် ဟု အဆင့်မြင့်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၃ ရက်တွင် ပြော သည်။
အိုမီခရွန်ကြောင့် ကူးစက်မှု များ တစ်ရှိန်ထိုးပြန်လည်များပြား လာခြင်းဖြစ်ကြောင်း ကျန်းမာ ရေး ဝန်ဆောင်မှုညွှန်ကြားရေးမှူး ချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ နက်ဇ်မူအစ္စလာမ်က ပြောသည်။
အိုမီခရွန်ကူးစက်မှုမှာ ဒယ်လ် တာ ကူးစက်မှုနေရာတွင် တဖြည်း ဖြည်းအစားထိုး ဝင်ရောက်လာ သည်ဟု ၎င်းက ဆက်ပြော သည်။
အိုမီခရွန်ကူးစက်ခံရသူ ၇၃ ရာခိုင်နှုန်းမှာ နှာရည်ယိုခြင်း ၊ ၆၈ ရာခိုင်နှုန်းမှာ ခေါင်းကိုက်ခြင်း၊ ၆၄ ရာခိုင်နှုန်းမှာ ပင်ပန်းနွမ်းနယ် ခြင်းနှင့် ၆၀ ရာခိုင်နှုန်းမှာ နှာချေ ခြင်းတို့ ပြသကြသည်ဟု ကျန်းမာ ရေး ဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် စာစောင်တွင် တွေ့ရသည်။
လူနာ ၆၀ ရာခိုင်နှုန်းမှာ လည်ချောင်းနာပြီး ၄၄ ရာခိုင်နှုန်း မှာ ချောင်းဆိုးကြသည်ဟု ၎င်းကဆက်ပြောသည်။
အကယ်၍ ကျန်းမာရေး စည်းကမ်းများသာ လိုက်နာခြင်း မရှိပါက အိုမီခရွန်ကူးစက်မှုကို ရပ်တန့်နိုင်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်န ဝါရီ ၂၃ ရက်က ကိုဗစ် -၁၉ ကူးစက်ခံရသူ ၁၀၉၀၆ ဦးတွေ့ရှိ ခဲ့ရာ ကူးစက်ခံရသူစုစုပေါင်းမှာ ၁၆၈၅၁၃၆ဦးရှိသည်ဟု အစိုးရ အချက်အလက်များအရ သိရ သည်။
ဆင်ဟွာ