အိုကီနာဝါ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာချိန်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်စစ်အခြေစိုက်စခန်းများ၌ ညမထွက်ရအမိန့်ထုတ်ပြန်ရန် တောင်းဆို

 

တိုကျို   ဇန်နဝါရီ    ၆ 


ဂျပန်နိုင်ငံ       အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူးက      ဇန်နဝါရီ  ၅  ရက်က  ကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၂၃ ဦးရှိရာမှ ဇန်နဝါရီ ၆  ရက် တွင် နေ့စဉ်ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည်      ၁၀၀၀    နား ကပ်လာပြီဖြစ်ကြောင်း ပြောကြား လိုက်သည်။ 

 


ခရိုင်အတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု      နောက်ဆုံး ကိန်းဂဏန်းသည်    ၉၈၀  ခန့် ရှိလာပြီဖြစ်ကြောင်း၊      အဆိုပါ နှုန်းသည် အိုကီနာဝါခရိုင်အတွက်    ကိုဗစ်-၁၉      ကူးစက်      ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကြောင်းနှင့်  လွန်ခဲ့ သောနှစ်     သြဂုတ် ၂၅   ရက်က     စံချိန်တင်ခဲ့သော     ကိုဗစ်-၁၉       ကူးစက်ဖြစ်ပွားသူ ၈၀၉    ဦးထက်    ကျော်လွန်ခဲ့ကြောင်း    ဒန်နီတာ မာကီက ပြောသည်။ 

 


ဇန်နဝါရီ  ၆  ရက်က  အိုကီ နာဝါခရိုင်ကို    တစ်စိတ်တစ်ပိုင်း     အရေးပေါ်ပြဋ္ဌာန်းရန်  ခရိုင်အစိုးရ က   ဗဟိုအစိုးရထံ    တောင်းဆို ခဲ့သည်။ 
အမေရိကန်   စစ်အခြေစိုက် စခန်းနှင့်       ဆက်စပ်      ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု     အပါအဝင် အိုကီနာဝါခရိုင်တွင်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ    မြင့်တက် လာခဲ့သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာဟာယာရှီက  ဇန်နဝါရီ ၆ ရက်က ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်း ကို ညမထွက်ရအမိန့်ထုတ်ပြန်ရန်  တောင်းဆိုခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ဖုန်းဖြင့် တောင်းဆိုလိုက်ရာ ဘလင်ကန် က    ဂျပန်နိုင်ငံရှိ     အမေရိကန် စစ်ဘက်အဆောက်အအုံများတွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို  ကာကွယ်ရန် အမေရိကန်ဘက်က  နောက်ထပ်  ဆောင်ရွက်ဖွယ်ရာ များကို    လုပ်ဆောင်ရန်   လိုအပ် ကြောင်း ပြောကြားခဲ့သည်။                         


ဆင်ဟွာ