
ပါရီ ဖေဖော်ဝါရီ ၁၁
ပြင်သစ် သိပ္ပံပညာရှင် လုခ်မွန် တေးနီးယားမှာ အေအိုင်ဒီအက်စ် ရောဂါကို ဖြစ်ပွားစေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ကို ပူးတွဲ ရှာဖွေတွေ့ရှိမှုကြောင့် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သူဖြစ်ပြီး ယခုအခါ အသက် ၈၉ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီဟု ၎င်းတက် ရောက်ကုသနေသည့် ဆေးရုံက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြော သည်။
၎င်းမှာ ဖေဖော်ဝါရီ ၈ ရက် ကတည်းက ဆုံးပါးသွားခဲ့ခြင်းဖြစ် သည်။ လုခ်မွန်တေးနီးယား၏ အိတ်ချ်အိုင်ဗွီ တိုက်ဖျက်ရေး အတွက် ကြိုးပမ်းအားထုတ်မှုများ ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ချီးကျူးခဲ့သည်။ ၎င်း ၏ လုပ်ဆောင်ချက်များမှာ ၂၁ ရာစုအတွက် သိပ္ပံနှင့် ဆေးဘက် ဆိုင်ရာ အကြီးဆုံးစိန်ခေါ်မှုဖြစ် ကြောင်း ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။
အေအက်ဖ်ပီ