အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့လှူဒါန်းသော Aarogya Maitri Cubes နှစ်စုံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၉


အိန္ဒိယသမ္မတနိုင်ငံမှ    မြန်မာ့တပ်မတော်သို့   လှူဒါန်းသော Aarogya Maitri Cubes နှစ်စုံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး  (ခုတင်  ၁၀၀၀) အဆောင်အမှတ်(၄၀)ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး   စိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar   နှင့်      အဖွဲ့ဝင်များ၊ ဆေးဝန်ထမ်း   ညွှန်ကြားရေးမှူး ဗိုလ်ချုပ်   ကိုကိုလွင်၊      ဒုတိယ ဆေးဝန်ထမ်း  ညွှန်ကြားရေးမှူး၊ တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) တပ်မှူး   ဗိုလ်မှူးချုပ် အောင်မြတ်ကျော်နှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ  တပ်မတော်အရာရှိကြီး များ၊ ပါရဂူ/ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဦးစွာ Aarogya Maitri Cubes ဆိုင်ရာအချက်အလက်များအား Video    ဖြင့်       ပြသသည်။ ယင်းနောက်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay   Kumar   က   Aarogya Maitri Cubes များ လှူဒါန်းရသည့် ရည်ရွယ်ချက်နှင့်    ပတ်သက်၍ ရှင်းလင်းပြောကြားပြီး    စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay   Kumar  က   Aarogya Maitri   Cubes   နှစ်စုံ   အတွက် သက်ဆိုင်ရာစာရွက်စာတမ်းများ၊  ဆေးနှင့်       ဆေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ      ဆေး ဝန်ထမ်း      ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က လက်ခံရယူ ၍     ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ   လက်ဆောင်များ ပြန်လည်ပေးအပ်ပြီး    စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ 


ယင်းနောက်   စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး   စိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ     အိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar နှင့် အဖွဲ့ဝင်များ က   ခင်းကျင်းပြသထားသည့် Aarogya Maitri Cubes ဆေးနှင့် ဆေးပစ္စည်းများနှင့်   သရုပ်ပြ ဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။


Aarogya Maitri Cubes သည် သဘာဝဘေး  အန္တရာယ်များ ကြောင့် ဖြစ်ပေါ်လာသော ထိခိုက် မှုများ (Natural   Disaster)၊ လူသားတို့၏    တိုက်ခိုက်မှုများ ကြောင့်       ဖြစ်ပေါ်လာသော ထိခိုက်မှုများ (Humantarian Crisis)တွင် အရေးပေါ်အသုံးပြုရန် အတွက် လိုအပ်သောဆေးပစ္စည်း များအား အကူအညီလိုအပ်သော နေရာများသို့ အမြန်ဆုံးပို့ဆောင် နိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးပို့လှူဒါန်းရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊   ‘Aarogya’   မှာ ‘အာရောဂျံ’   ကျန်းမာရေးဟု အဓိပ္ပာယ်ရပြီး ‘Maitri’ မှာ ‘မိတ္တ’ မိတ်ဆွေဟု   အဓိပ္ပာယ်ရသည့် အတွက် မိတ်ဆွေနိုင်ငံများတွင် ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အတွက်   ထုတ်လုပ် သော    ပစ္စည်းဟု   အဓိပ္ပာယ်ရ ကြောင်း၊ Aarogya Maitri Cubes တစ်စုံတွင် ပုံးငယ် ၇၂ ပုံး ပါဝင်ပြီး ခွဲစိတ်ခန်းငယ်တစ်ခု၊    အထူး ကြပ်မတ်ကုသခန်းငယ်   တစ်ခု၊ ပြင်ပလူနာဌာန တစ်ခု၊ ဓာတ်ခွဲ ခန်းငယ်တစ်ခု၊ ဓာတ်မှန်ဆိုင်ရာ စက်ပစ္စည်းများ၊   ခွဲစိတ်ခန်းသုံး ကိရိယာများ၊ ရောဂါရှာဖွေသည့် Test Kit များ၊   ထမ်းစင်များ၊ မီးစက်များ  စသည်ဖြင့်   အပြည့် အစုံပါဝင်ကြောင်း၊   ပါဝင်သော ပစ္စည်းများမှာ အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများဖြစ်ပြီး ဆန်းသစ်သည့် စိတ်ကူး    စိတ်သန်းများဖြင့် ထုတ်လုပ်ထားခြင်း   ဖြစ်သည့် အတွက်      မိမိတို့      နိုင်ငံနှင့်  တပ်မတော်အတွက်    အကျိုး ကျေးဇူးများစွာ   ရရှိနိုင်မည်ဖြစ် ကြောင်း၊   အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့      တပ်မတော်အတွက် Aarogya Maitri Cubes နှစ်စုံအား ယခုကဲ့သို့   လာရောက်လှူဒါန်း ခြင်းဖြင့် အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ  အချင်းချင်းအကြား၊ ပြည်သူများ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုခိုင်မာ၍ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည်   ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်