အိန္ဒိယနိုင်ငံတွင် လူ ၆၅၃ ဦး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွား

 

 

နယူးဒေလီ  ဒီဇင်ဘာ  ၂၈ 
အိန္ဒိယနိုင်ငံတွင်  ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ   ၆၃၅၈  ဦး ရှိလာသော ကြောင့်    ကိုဗစ်-၁၉      ကူးစက် ဖြစ်ပွားသူပေါင်း ၃၄၇၉၉၆၉၁ ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏         နောက်ဆုံး ထုတ်ပြန်လိုက်သော     အချက် အလက်များတွင်      ဖော်ပြထား သည်။ 
ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း အထိ  ကိုဗစ်-၁၉  ကြောင့်  ထပ်မံ သေဆုံးသူ ၂၉၃ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း    ကိုဗစ်-၁၉    ကြောင့် သေဆုံးသူ     ၄၈၀၂၉၀   အထိ ရှိလာခဲ့သည်။      နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ    ၇၅၄၅၆    ဦးအထိ ရှိသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပျောက်ကင်းသွားပြီး     ဆေးရုံမှ ဆင်းလာသူ   ၆၄၅၀ အပါအဝင်  စုစုပေါင်း     ကိုဗစ်-၁၉        ကင်းစင် သွားသူ ၃၄၂၄၃၉၄၅ ဦး ရှိလာပြီ ဖြစ်သည်။ ထို့အတူ  နိုင်ငံအတွင်း  အိုမီခရွန်           ဗိုင်းရပ်စ်သစ်  ကူးစက်ဖြစ်ပွားသူ     ၆၅၃    ဦး  ရှိလာပြီဖြစ်သည်။     အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုမှ      ပြန်လည်ကောင်းမွန်လာသူ ၁၈၆ ဦး ရှိလာပြီဖြစ်သည်။ 
ဆင်ဟွာ