အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅ သန်းကျော် ရှိလာ

နယူးဒေလီ  ဇန်န်ဝါရီ   ၅


အိန္ဒိယနိုင်ငံ၌      ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၅၈၀၉၇ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်  ခံရသူ ၃၅၀၁၈၃၅၈ ဦးရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သောအချက်အလက်များအရသိရသည်။ 


သေဆုံးသူ ၄၈၂၅၅၁ ဦးရှိ


ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၅၃၄ ဦး ထပ်မံ သေဆုံးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၄၈၂၅၅၁ ဦး ရှိလာသည်။ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ၄၂၁၇၄ ဦးအား ထပ်မံတွေ့ရှိခဲ့ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာ ၂၁၄၀၀၄ ဦးရှိလာကြောင်း သိရသည်။ 
ထို့ပြင် ၁၅၃၈၉ ဦးမှာ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်သက်သာလာသဖြင့်  ဆေးရုံမှ ဆင်းသွားခဲ့ရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသူ ၃၄၃၂၁၈၀၃ ဦး ရှိလာသည်။ ထို့ပြင်  နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ  ၂၁၃၅    ဦးရှိကြောင်း  သိရ သည်။ 


မဟာရက်ရှ်ထရာပြည်နယ်၌ အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၅၃ ဦးရှိပြီး ဒေလီ၌ ၄၆၄ ဦးရှိသည်။ နိုင်ငံအတွင်း  လက်ရှိအချိန်တွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်               ကူးစက်ခံရသူများအနက် ပြန်လည်ကျန်းမာလာသူ   ၈၂၈    ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ