အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ၅၆၁ ရက်အတွင်း အနည်းဆုံးဖြစ်

 

 

နယူးဒေလီ    ဒီဇင်ဘာ   ၁၃    
အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သော   ၂၄ နာရီအတွင်း   ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ ၇၃၅၀ ရှိလာ သောကြောင့် ဒီဇင်ဘာ ၁၃ ရက် တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၃၄၆၉၇၈၆၀ အထိရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ နောက်ဆုံး ထုတ်ပြန်လိုက်သော  အချက်အလက်များတွင်   ဖော်ပြ ထားသည်။ 
ကိုဗစ်-၁၉  ကြောင့်   ထပ်မံ သေဆုံးသူ ၂၀၂  ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း   ကိုဗစ်-၁၉   ကြောင့် သေဆုံးသူ   ၄၇၅၆၃၆   ဦးအထိ ရှိလာခဲ့သည်။ 
အိန္ဒိယနိုင်ငံတွင် လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၉၁၄၅၆ ဦးရှိပြီး လွန်ခဲ့သော  ရက်အတွင်း ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားလျက်ရှိသူ   ၈၂၅   ဦး လျော့နည်းခဲ့သည်။  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်  ၅၆၁   ရက်အတွင်း  အနည်းဆုံး ဖြစ်ခဲ့သည်။ 
တစ်နေ့တည်း   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုနှင့်  သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံတောင် ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။ 
လွန်ခဲ့သော   ၂၄   နာရီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး     ဆေးရုံမှ ဆင်းလာသူ ၇၉၇၃ ဦးအပါအဝင် စုစုပေါင်း    ကိုဗစ်-၁၉  ကင်းစင် သွားသူ ၃၄၁၃၀၇၆၈  ဦး ရှိလာပြီ ဖြစ်သည်။                 
  ဆင်ဟွာ