
နယူးဒေလီ ဖေဖော်ဝါရီ ၁၁
အိန္ဒိယနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက် မှုများ လျော့ကျလာသည့်အတွက် ကိုဗစ်-၁၉ နယ်စပ်ထိန်းချုပ် ကန့်သတ်ချက်များကို ဖြေလျှော့ ပေးရန် အစိုးရက စီစဉ်ထားသည်။
ဖေဖော်ရီ ၁၄ ရက်မှစတင်ကာ အိန္ဒိယနိုင်ငံသို့ လာရောက်မည့် အပြည်ပြည်ဆိုင်ရာမှ ခရီးသွား များသည် ခုနစ်ရက်ကြာ အသွား အလာ စောင့်ကြည့်မှုခံယူရန် မလိုအပ်တော့ပေ။ ဒီဇင်ဘာလ အတွင်း ကိုဗစ် -၁၉ ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်လာပြီးနောက် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ အိန္ဒိယနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့် များကို တင်းကျပ်ခဲ့သည်။
လွန်ခဲ့သည့်လမှ စတင်ကာ ရောဂါကူးစက်မှုများ ကျဆင်းလာ ပြီဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု စနစ်များမှာလည်း နိုင်နင်းသည့် အနေအထားတွင် ရှိနေသေးသည်ဟု အစိုးရက သတ်မှတ်ထားသည်။
ကိုဗစ် -၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်များကိုမူ ခရီးသွား များက ပြသရန် လိုအပ်နေသေး သည်။ အဆိုပါ ဆေးစစ်ချက်များ မှာ ခရီးမထွက်မီ ၇၂ နာရီအတွင်း ပြုလုပ်ထားသည့် ဆေးစစ်ချက် များ ဖြစ်ရမည်ဖြစ်သည်။ ဆိုက် ရောက်လာသည့် ခရီးသွားများကို ကျပန်းဆေးစစ်မှုများ ပြုလုပ်သွား မည်ဟုလည်း အစိုးရက ပြော သည်။
အင်န်အိတ်ချ်ကေ