အိန္ဒိယနိုင်ငံ၌ ဧပြီလမှ ဇွန်လအထိ ပြင်းထန်သော အပူဒဏ်ကို ခံစားရမည်

 

နယူးဒေလီ   ဧပြီ   ၂ 


တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော  အိန္ဒိယနိုင်ငံသည်   ဧပြီမှ ဇွန်လအထိ  ပြင်းထန်သော အပူ ဒဏ်ကို  ခံစားရမည်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက    ဧပြီ ၁    ရက်က   ထုတ်ပြန်ကြေညာ လိုက်သည်။ 
ဧပြီမှ   ဇွန်လအပူပိုင်းရာသီ ဥတုအတွင်း     သာမန်အပူချိန် ထက်   အပူချိန်မြင့်တက်မည့်ရက် များကို   တောင်ပိုင်းကျွန်းဆွယ် ဒေသများ၊        အိန္ဒိယနိုင်ငံ အလယ်ပိုင်း၊      အရှေ့ပိုင်းနှင့် အနောက်မြောက်မြေပြန့်လွင်ပြင် ဒေသများတွင်       ကြုံတွေ့နိုင် ကြောင်း အိန္ဒိယမိုးလေဝသဌာန က သတင်းထုတ်ပြန်ထားသည်။ 
အပူလှိုင်းကျရောက်မည့်အချိန် အတွင်း    အပူချိန်မြင့်တက်လာမှု သည်  သိသာစွာအန္တရာယ်ရှိနိုင်ပြီး အထူးသဖြင့် အသက်ကြီးပိုင်းနှင့် ကလေးငယ်များ၊ ရောဂါအခံရှိသူ များကဲ့သို့သော ကိုယ်ခံအားနည်း သူများအတွက်  အပူလျှပ်ခြင်းနှင့် ခြေကုန်   လက်ပန်းကျခြင်းကဲ့သို့ သော          အပူနှင့်ဆက်စပ်သည့် ရောဂါလက္ခဏာများကို  ခံစားရ နိုင်ကြောင်း  အိန္ဒိယမိုးလေဝသ ဌာနက    သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 
အပူချိန်ပြင်းထန်မှု   အချိန် ကြာမြင့်စွာ        ဖြစ်ပေါ်လာပါ က  ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဓာတ်အားလိုင်း    ကွန်ရက်များ ကဲ့သို့သော   အခြေခံအဆောက် အအုံများ  ဝန်ပိမှုများဖြစ်ပွားနိုင် သလို        သယ်ယူပို့ဆောင်ရေး စနစ်များလည်း       ချို့ယွင်းနိုင် ကြောင်း အိန္ဒိယမိုးလေဝသဌာန က ဖော်ပြထားသည်။ 
အပူချိန်ကြောင့်    ဆိုးကျိုး သက်ရောက်နိုင်မှုများကို လျော့ နည်းသက်သာစေရန်  သင့်တော် သည့် အရေးယူဆောင်ရွက်မှုမျိုး လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာ အာဏာပိုင်များကို   အိန္ဒိယ မိုးလေဝသဌာနက    တိုက်တွန်း ထားသည်။     

ဆင်ဟွာ