အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ၂၀၀ အထိ တိုးလာ

 

 

နယူးဒေလီ    ဒီဇင်ဘာ   ၂၁ 
အိန္ဒိယနိုင်ငံ၌  အိုမီခရွန်ဗိုင်းရပ်စ် သစ်ကူးစက်ဖြစ်ပွားသူ  ၂၀၀ အထိ တိုးလာကြောင်း       ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားလိုက်သည်။ 
အိုမီခရွန်   ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ    ၂၀၀  ရှိသည့် အနက်  ၇၇ ဦးမှာ    ပြန်လည် ကောင်းမွန်လာခဲ့ပြီး    အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်  ဖြစ်ပွားသူ အများစုမှာ  မဟာရက်ရှ်တရာနှင့်   ဒေလီတို့မှဖြစ်ကြောင်း  ကျန်းမာ ရေး     ဝန်ကြီးဌာနက     သတင်း ထုတ်ပြန်ဖော်ပြသည်။ 
အိုမီခရွန်     ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ   အားလုံးမှာ ပြင်းထန်သည့်      လက္ခဏာမရှိ ကြောင်း   အရာရှိများက   ပြော သည်။ 
အိန္ဒိယနိုင်ငံ၌    ကိုဗစ်-၁၉ စစ်ဆေးမှုများကို   အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိပြီးနိုင်ငံတကာ ခရီးသည်များကို    စောင့်ကြည့် လျက်ရှိသည်။      အထူးသဖြင့်   အန္တရာယ်ရှိသည့်နိုင်ငံမှ  လာသူများ ကို   ပို၍  သတိထားစောင့်ကြည့် လျက်ရှိသည်။ 
လွန်ခဲ့သည့်   သီတင်းပတ်က အိန္ဒိယအစိုးရသည် ပြည်သူလူထု ကို မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းများ   မပြု လုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။ 
ဆင်ဟွာ