အိန္ဒိယနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၈၈၉၁ ဦးရှိ

 

 

နယူးဒေလီ ဇန်နဝါရီ ၁၈   
အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သော ၂၄ နာရီအတွင်း   ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၃၈၀၈၁ ဦး ရှိလာသောကြောင့် ဇန်နဝါရီ ၁၈  ရက် တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၇၆၁၈၂၇၁ ဦးအထိ ရှိလာ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၃၁၀ ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၈၆၇၆၁ ဦးအထိ ရှိလာခဲ့သည်။ 
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၁၇၃၆၆၂၈ ဦးအထိ ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၀၂၈၇ ဦးတိုးလာခဲ့သည်။  အိန္ဒိယနိုင်ငံ၏ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူပေါင်း ၈၈၉၁ ဦးရှိခဲ့သည်။ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအများဆုံးပြည်နယ်များမှာ မဟာရက်ရှ် ထရာနှင့် အနောက်   ဘင်္ဂလားပြည်နယ်၊  ရာဂျက်စ်သန်နှင့် ဒေလီတို့ ဖြစ်ကြ သည်။                              ဆင်ဟွာ