အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၁)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

 

နေပြည်တော်  အောက်တိုဘာ   ၉


ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး /ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရန်အတွက်  အိန္ဒိယနိုင်ငံမှလှူဒါန်းသည့်   Covishield  အမှတ်တံဆိပ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ တစ်သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  အောက်တိုဘာ ၉ ရက်  ည ၉ နာရီ မိနစ် ၄၀ က ထပ်မံရောက်ရှိလာခဲ့ရာ ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူသည်။ 


    အဆိုပါ  ကာကွယ်ဆေးများ ကို ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း (Central Cold Room)တွင် အအေးလမ်းကြောင်း    မပျက် သိုလှောင်ထားရှိမည်  ဖြစ်သည်။ ထိုသို့     ကာကွယ်ဆေးများ သိုလှောင်ထားရှိရာ၌ အအေးလမ်း ကြောင်း စံချိန်စံညွန်းများနှင့်အညီ ထားရှိရေးအတွက်   ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများအနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု၍   ကြီးကြပ် စစ်ဆေးခြင်းများ    ဆောင်ရွက်လျက်ရှိသည်။


သိုလှောင်      ထားရှိသည့် ကာကွယ်ဆေးများကို တိုင်းဒေသ ကြီး/ပြည်နယ်များသို့ လိုအပ်ချက် အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ) နှင့်    မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း    အအေးလမ်း ကြောင်းမပျက် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်သည်။ 


ယခု       ရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည် အုပ်စုများနှင့်   ထပ်မံတိုးချဲ့ထား သော     ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်သည်။


အောက်တိုဘာ ၉ ရက်အထိ ကာကွယ်ဆေးများ    ရောက်ရှိ လာမှုအနေဖြင့်     ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော Covishield  နှစ်သန်း၊    Sino-pharm   ၁၄  သန်း၊    Sinovac နှစ်သန်း    စုစုပေါင်း ၁၈ သန်း doses   ရောက်ရှိပြီး   ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အိန္ဒိယ နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်း သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး doses ခြောက်သန်းကျော် အားလည်း   လက်ခံရရှိပြီးဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသ ကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ အောက်တိုဘာ ၈ ရက် အထိ     လူဦးရေ    စုစုပေါင်း ၉၅၇၄၃၉၃ ဦးအား ထိုးနှံပေးပြီး ဖြစ်၍      ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၄၀၈၃၃၃၇ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅၄၉၁၀၅၆  ဦး   ရှိပြီဖြစ်သည်။   သို့ဖြစ်ပါ၍  အောက်တိုဘာ ၈ ရက် ရက်အထိ      မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၃၆၅၇၇၃၀ ကြိမ် ထိုးနှံပြီးဖြစ်သည်။


မိဘပြည်သူများ  အနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံ မှု   ခံယူခြင်း၊    ပထမအကြိမ် ကာကွယ်ဆေး  ထိုးနှံမှုရရှိထား သူများအနေဖြင့်လည်း  ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်    (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်း တွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှု   ခံယူခြင်းနှင့်   ကာကွယ်ဆေး ထိုးလုပ်ငန်းများတွင်   တက်ကြွ စွာ  ပူးပေါင်းပါဝင်  ဆောင်ရွက်ကြပါရန်   ကျန်းမာရေးဝန်ကြီးဌာနက  တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။        

သတင်းစဉ်