အိန္ဒိယနိုင်ငံမှ ဘွဲ့ခံဆရာတော်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကျင်းပ

 

နယူးဒေလီ   မေ   ၂၈


အိန္ဒိယနိုင်ငံမှ ဘွဲ့ခံဆရာတော်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက  ဆက်ကပ်လှူဒါန်းသည့်   “မဟာ သဒ္ဓမ္မဇောတိကဓဇ” နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ် အပ်နှင်းသည့်    အခမ်းအနားကို   မေ ၂၆    ရက်  နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပသည်။ 
အဆိုပါ      အခမ်းအနားသို့ ဂုဏ်ထူးဆောင်    ဧည့်သည်တော် များအဖြစ်      နိုင်ငံတော်သြဝါဒါ စရိယ၊ ရွှေကျင်နိကာယ သာသနာ ပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ သီတဂူ ဆရာတော်  ဒေါက်တာ အရှင်ဉာဏိ ဿရနှင့်    ကုသိနာရုံ    မြန်မာ ကျောင်းတိုက်မှ  အဓိပတိ ပဓာန နာယက   ဆရာတော်   အဘိဓဇ မဟာရဋ္ဌဂုရု၊  ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့က     ကြွရောက် ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓဘာသာနိုင်ငံများမှ သံအမတ်ကြီးများ၊    ဗုဒ္ဓဘာသာ အဖွဲ့အစည်းပေါင်းစုံမှ ဆရာတော် များ၊ လူပုဂ္ဂိုလ်များ  တက်ရောက် ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာ တော်ကြီးများအား      နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်        အိန္ဒိယနိုင်ငံ ဆိုင်ရာ      မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က   အဖွင့်အမှာ စကား ပြောကြားသည်။
ယင်းနောက် ဂုဏ်ထူးဆောင် ဧည့်သည်တော် သီတဂူဆရာတော် ကြီးနှင့် ကုသိနာရုံ ဆရာတော်ကြီး တို့က   သြဝါဒစကား  ချီးမြှင့်ကြ သည်။
ထို့နောက် နိုင်ငံတော်အစိုးရ ကိုယ်စား မြန်မာသံအမတ်ကြီးက အိန္ဒိယနိုင်ငံမှ   ဘွဲ့ခံဆရာတော် များဖြစ်သည့်     Ven. Bhikkhu Sanghasena ၊    မဟာဗောဓိ အပြည်ပြည်ဆိုင်ရာ တရားရိပ်သာ ဒေါက်တာ ဘဒ္ဒန္တဓမ္မပီယ၊ ဓမ္မဒီပ ပညာရေးကျောင်းနှင့် ဒေါက်တာ ဘဒ္ဒန္တ ယသ၊  ဉူးစန္ဒြမဏိ ဆိုနော်လီ မြန်မာကျောင်းတိုက်     တို့အား သာသနာ့ ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်အပ်နှင်းခဲ့ပြီး    လူမှု ထူးချွန်သူ      လေးဦးကိုလည်း အပြည်ပြည်ဆိုင်ရာ  ဗုဒ္ဓငြိမ်းချမ်း ရေးဆု (International Buddha Peace Awards)   များ   အပ်နှင်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်