အိန္ဒိယနိုင်ငံ ဩဒိဿပြည်နယ်၌ အပူလှိုင်းကြောင့် ၄၁ဦးထက်မနည်းသေဆုံး

နယူးဒေလီ   ဇွန်  ၁၄
အိန္ဒိယနိုင်ငံ၌     စံချိန်တင်အပူ လှိုင်းကြောင့် သေဆုံးသူဦးရေမှာ ကျဆင်းသွားသည့် လက္ခဏာ မရှိ ကြောင်း၊  မကြာသေးမီလများ အတွင်း နိုင်ငံအတွင်းပြင်းထန်သည့် အပူ လှိုင်းကြောင့်   လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း၊  အိန္ဒိယနိုင်ငံ သည်  အရှည်ကြာဆုံးနှင့် အပြင်း ထန်ဆုံး နွေရာသီများထဲမှ တစ်ခု နှင့် ရင်ဆိုင်နေရသည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြသည်။
ဩဒိဿပြည်နယ် အရှေ့ပိုင်း တွင် အပူလျှပ်ခြင်းကြောင့် ၄၁ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ယခုနှစ်ရာသီအတွင်း  ဩဒိဿ ပြည်နယ်တွင်  အပူလှိုင်းမကြာ ခဏကျရောက်ကြောင်း မိုးလေ ဝသဌာနက ပြောသည်။  
ဩဒိဿ  ပြည်နယ်ပြီးလျှင် အပူလှိုင်းကျရောက်မှု   များပြား သည့် ပြည်နယ်မှာ ရာဂျက်စသန် ပြည်နယ်ဖြစ်သည်။ နယူးဒေလီ တွင်လည်း   အပူလှိုင်းဒဏ်ကို ခံစားရသည်။  ဇွန် ၁၄  ရက်တွင်  နယူးဒေလီမြို့၌      အပူချိန်မှာ ၄၅  ဒီဂရီဆဲလ်စီးယပ်     ရှိပြီး ဆောက်လုပ်ရေး   လုပ်သားများ မှာ ပြင်းထန်သည့်အပူချိန်ကြောင့် ၎င်းတို့     ကျန်းမာရေးအပေါ် သက်ရောက်မည်ကို စိုးရိမ်နေကြ ရသည်။ 
ထို့ကြောင့်   တတ်နိုင်သမျှ လုပ်ငန်းခွင်မှ ခေတ္တအနားယူခြင်း များ ပြုလုပ်ကြရသည်။ ပြင်းထန် သည့်အပူချိန်အောက်တွင် အလုပ် မလုပ်လိုသော်လည်း  မိသားစုကို ကျွေးမွေးရမည်ဖြစ်သည့်အတွက် လုပ်ကိုင်နေရကြောင်း   အလုပ် သမားတစ်ဦးက ပြောသည်။ 
အိန္ဒိယနိုင်ငံ၌  ခြောက်ပတ် ကြာရှည်လျားသည့် အထွေထွေ ရွေးကောက်ပွဲကို ယခုလအတွင်း ကျင်းပပြီးစီးခဲ့သည်။ 
အပူဒဏ်ကြောင့် သေဆုံးသူ များထဲတွင်    မဲရုံလုပ်သားများ လည်း ပါဝင်သည်။  လာမည့်ရက် များအတွင်း    အပူဒဏ်ကြောင့် ပြည်သူ့ကျန်းမာရေးအပေါ် သက် ရောက်မှုရှိမည်ကို  စိုးရိမ်သဖြင့် မိုးလေဝသဌာနက အပူလှိုင်းသတိ ပေးချက်ထုတ်ပြန်ထားသည်။ 
အင်န်အိတ်ချ်ကေ