
အိန္ဒိယ ဩဂုတ် ၁၈
အိန္ဒိယနိုင်ငံ၌ ယခုကာလအတွင်း မိုးခေါင်မှုကြောင့် စပါးဧက ၉၈ သန်းကျော် မစိုက်ပျိုးနိုင်သေးကြောင်း အိန္ဒိယစိုက်ပျိုးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် မိုးစပါး မစိုက်ပျိုးနိုင်သော ဧရိယာမှာ ၁၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယခင်နှစ်က မိုးစပါးစိုက်ဧက ၇၇၅ ဒသမ ၆ သိန်းကျော်ရှိခဲ့သော်လည်း ယခုနှစ် ကာလတူ အခြေအနေတွင် ၆၇၇ ဒသမ၅ သိန်းကျော်သာ ရှိသေးကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံရှိ စပါးစိုက်ပျိုးမှုအများဆုံး နေရာဒေသများမှာ အနောက်ဘင်ဂေါ၊ ဂျာခန်း၊ ဘီဟာ၊ ချဟတ်တစ်ဂါ့ရှ်၊ ဥတရာပရာဒေ့ရှ်၊ မက်ဟာမရာဒက်ရှ်၊ အိုဒီရှာ၊ တေလန်ဂါနာ စသည့် ပြည်နယ်များဖြစ်ပြီး ယခုနှစ်တွင် စပါးစိုက်ပျိုးမှုပမာဏ လျော့ကျသွားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ မိုးလေဝသထုတ်ပြန်ချက်အရ မိုးခေါင်မှုသည် ဆိုးရွား သော အခြေအနေတွင်ရှိနေပြီး အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သည့်အတွက် ယခုလို စိုက်ဧကလျော့ကျသွားခြင်းသည် ကမ္ဘာ့ ဆန်ကုန်သွယ်ရေးကို ထိခိုက်နိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊