
နယူးဒေလီ မေ ၈
လေယာဉ်ထွက်ခွာမည့် နောက်ဆုံး အချိန်တွင် ဝါရင့်လေယာဉ်အမှုထမ်း အဖွဲ့ဝင်များ ဖျားနာနေကြောင်း သတင်းပို့မှုရရှိပြီးနောက် အဲအိန္ဒိယ အိတ်ပရက်စ် ပုဂ္ဂလိက လေကြောင်းလိုင်း၏ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များနှင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ် များ အပါအဝင် လေကြောင်းလိုင်း ၇၀ ခန့်ကို မေ ၈ ရက်က ဖျက်သိမ်း ခဲ့ရကြောင်း လေကြောင်းလိုင်း ကုမ္ပဏီ၏ အဆင့်မြင့်အရာရှိတစ်ဦး က အတည်ပြုပြောကြားသည်။
ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည့် အဲအိန္ဒိယအိတ်ပရက်စ် သည် အဲအိန္ဒိယ၏ လက်အောက်ခံ လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး တာတာအုပ်စု၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
အပတ်စဉ် ပြည်တွင်းလေယာဉ် ကွင်း ၃၁ ကွင်းနှင့် အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း ၁၄ ကွင်း ကို လေကြောင်းလိုင်း ၂၅၀၀ နှင့် ဝန်ဆောင်မှုပေးလျက်ရှိ သည်။
နောက်ဆုံးအချိန်တွင် မိမိတို့ ၏ လေယာဉ်အမှုထမ်းများ ဖျားနာလျက်ရှိကြောင်း သတင်း ပေးပို့ခဲ့သောကြောင့် လေယာဉ် ခရီးစဉ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းလိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ သည်။ မိမိတို့အနေဖြင့် ယခုလို ဖြစ်ပွားရသည့် နောက်ကွယ်မှ အကြောင်းရင်းများကို နားလည် ရန် လေယာဉ်အမှုထမ်းများကို ချိတ်ဆက်ဆောင်ရွက်နေချိန်တွင် မိမိတို့၏ ခရီးသည်များ ဖြစ်ပေါ် ခဲ့ရသည့် မည်သည့်အဆင်မပြေမှု မျိုးကိုမဆို နည်းသည်ထက်နည်း အောင် ကိုင်တွယ်ဖြေရှင်းလျက် ရှိကြောင်း အဲအိန္ဒိယအိတ် ပရက်စ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ခရီးသည်များ ဝယ်ယူထား သည့် လက်မှတ်ခများကို ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း သို့မဟုတ် ခရီးသည်များ ဆန္ဒရှိ သည့် တခြားသင့်တော်မည့် ရက်သို့ ပြောင်းလဲပေးသွား မည်ဖြစ်ကြောင်း ၎င်းပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဆင်ဟွာ