
အိန္ဒိယ မတ် ၂
India-Myanmar Chamber of Commerce (IMCC)၏နာယက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Vinay Kumar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သော တာဝန်ရှိသူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က အသင်းချုပ်၌ ကျင်းပ သည်။
တွေ့ဆုံစဉ် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက နောက်ဆုံးစာရင်းအင်း အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ Trade Partner အဖြစ် နံပါတ် ငါးနေရာ၊ အကြီးဆုံး Export Destination များထဲမှ နံပါတ် (၄)၊ သွင်းကုန်အရင်းအမြစ်များ ထဲမှ နံပါတ် (၆) နေရာများတွင် ရှိပါကြောင်း၊ IMCC သည် မိမိတို့၏ အရင်းနှီးဆုံး စီးပွားရေး မိတ်ဖက်များထဲတွင် ပါဝင်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
အိန္ဒိယသံအမတ်ကြီးက မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရေးကြီးသည့်ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယ၏ ပို့ကုန် ပါတနာလည်းဖြစ်ကြောင်း၊ ဆိုလာစွမ်းအင် စီမံကိန်း အကောင်အထည်ဖော်နေမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး ရေရှည်လက်တွဲ ဆောင်ရွက်သွားနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သွင်းကုန်လိုင်စင် များဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်း အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ဆန်တင် ပို့မှုဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်မီးတည်ငြိမ်စေ ရေး၊ ကုန်ကြမ်းများ မပြတ်လပ်စေရေး၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်နိုင်ရေးတို့ကို ပြောကြားသည်။
အစည်းအဝေးတွင် နှစ်ဖက်ကိုယ်စားလှယ် များက နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ ကြုံတွေ့နေရသည့် အခက်အခဲ များ၊ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အအုံ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာများ၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒများ၊ ခရီးသွားလုပ်ငန်း ကဏ္ဍတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် စီးပွားရေးအခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
ကိုရိုး