
နေပြည်တော် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ များကျင်းပရာတွင် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စေရေး အတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် Software Program သို့ ထည့်သွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီ ဆောင်ရွက် ပြီးစီးရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကြိုပမ်းဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
အဆိုပါလုပ်ငန်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင် ၁၈ ရက်မှ စတင်ပြီး ဖြည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့ အထိ စာရင်းဖြည့်သွင်းပြီး အိမ်ထောင်စုပေါင်း ၅၇၅၅၆ စု ၆၅ ဒသမ ၃၉ ရာခိုင်နှုန်း ဖြည့်သွင်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကာ တစ်မြို့လုံး စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း ၈၇၇၁၆ စု ရှိပြီး စက်တင်ဘာ ၁၈ ရက် အထိ ရာနှုန်းပြည့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်