
အိမ်မဲ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ချောင်းဝပိုင်း (၁) လမ်းတွင် ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည့် အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် တန်ဆောင်မုန်း လဆန်း (၁၄) ရက် ညနေ ၅ နာရီမှ စတင် ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိသည်။
အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာ ကြီး ဘုရားရုပ်ရှင်တော်မြတ်ကြီး၌ နိုဝင်ဘာ ၁၈ ရက်တွင် လုံးတော်ပြည့်ရွှေသင်္ကန်း၊ ငွေပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲနှင့် နိုဝင် ဘာ ၁၉ ရက်တွင် သြဝါဒခံယူ ရေစက်ချတရားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)