
ရောမ ဒီဇင်ဘာ ၁၇
အီတလီနိုင်ငံ၌ အသက် ငါးနှစ်မှ ၁၁ နှစ်ကြား ကျန်းမာသည့် ကလေးများကို ဒီဇင်ဘာ ၁၆ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးမှု စတင် နေပြီဟု သိရသည်။
ဒီဇင်ဘာ ၁ ရက်တွင် အီတလီနိုင်ငံ ဆေးအေဂျင်စီမှ အသက် ငါးနှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးရန် အတွက် ထောက်ခံချက်ပေးခဲ့သည်။
ဥရောပဆေးအေဂျင်စီကလည်း နိုဝင်ဘာ ၂၅ ရက်တွင် အသက် ၁၂ နှစ်အောက်များကို ဖိုက်ဇာကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးရန် ထောက်ခံချက်ပေးခဲ့သည်။ ကလေးများကို ထိုးပေးသည့် ကာကွယ်ဆေးမှာ အရွယ်ရောက် ပြီးသူများကို ထိုးပေးသည့်ကာကွယ်ဆေး၏သုံးပုံတစ်ပုံသာရှိသည်။
ကလေးများကို ကာကွယ်ဆေးထိုးပေးရာ တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး နောက် သုံးပတ်ခြားကာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်အထိ အီတလီနိုင်ငံ၌ အသက် ၁၂ နှစ် နှင့်အထက် လူပေါင်း ၄၆ သန်း ကာကွယ်ဆေးအပြည့်ထိုးပေးပြီးဖြစ်သည်။
ဆင်ဟွာ