
ဒမတ်စကတ် ဇွန် ၂၈
အီရတ်-ဆီးရီးယားနယ်စပ်ဒေသတွင် အမေရိကန် ဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်သွေး ကြွများဘက်မှ လူ ငါးဦးထက်မနည်းသေဆုံးခဲ့သည် ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အုပ်စုက ပြောသည်။
အဆိုပါဒေသရှိ အီရန်က ကျောထောက် နောက်ခံပြုထားသည့်စစ်သွေးကြွများကို လေကြောင်း မှတစ်ဆင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ဇွန် ၂၇ ရက်တွင် ပြော သည်။ ဆီးရီးယားနိုင်ငံရှိ လက်နက်များထားရှိရာ နေရာ နှစ်နေရာနှင့် အီရတ်နိုင်ငံရှိ လက်နက် ထားရှိရာ တစ်နေရာတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန်မှပြောရေးဆိုခွင့် ရှိသူ ဂျွန် ကာဘီက ပြောသည်။ အီရန်ကကျောထောက် နောက်ခံပေးထားသည့် စစ်သွေးကြွများကို ပစ်မှတ် ထားကာတိုက်ခိုက်မှုပြုလုပ်ရန်အတွက် အမေရိ ကန်သမ္မတဂျိုးဘိုင်ဒင်က ညွှန်ကြားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ ဆင်ဟွာ