
အန်ကာရာ ဖေဖော်ဝါရီ ၃
တူရကီသည် အိမ်နီးချင်းအီရတ်နှင့် ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွအုပ်စုများကို လေကြောင်းတိုက်ခိုက် မှု အကြီးအကျယ် ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုသည် ဆီးရီးယား အရှေ့မြောက်ပိုင်းနှင့် အီရတ်မြောက်ပိုင်းရှိ ပစ်မှတ် ၈၀ ခန့်ကို ထိမှန်ခဲ့ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြား လိုက်သည်။ အဆိုပါထိမှန်ခဲ့သော ပစ်မှတ်များတွင် လက်နက်ရုံများနှင့် စခန်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ရှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ၁၇ ဦး သေဆုံးခဲ့ကြောင်း အီရတ်မီဒီယာများက ဖော်ပြခဲ့သည်။
ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် အဆောက် အအုံများ အကြီးအကျယ်ပျက်စီးနေသည်ကို ဗီဒီယို ဖိုင်ထဲတွင် တွေ့မြင်နိုင်သည်။ တူရကီသည် အီရတ်ရှိ ကာ့ဒ်အလုပ်သမားပါတီ သို့မဟုတ် ပီကေကေနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့မဟုတ် ဝိုင်ပီဂျီခေါ် ဆီးရီးယားကာဒ့်တပ်ဖွဲ့ကို နှစ်ပေါင်းအတော်ကြာ တိုက်ခိုက်လျက်ရှိသည်။
ဒီဇင်ဘာ တိုက်ခိုက်မှုတွင် တူရကီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီးနောက် တင်းမာမှုများ မြင့်တက် လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုများ ယူကရိန်းအရေးကို အာရုံစိုက်လျက်ရှိချိန်တွင် ယခုလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြား သည်။
အင်န်အိတ်ချ်ကေ