အီရန်နျူကလီးယားအရေး၊ လုံခြုံရေးဆိုင်ရာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ ဆွေးနွေး

ဝါရှင်တန်    သြဂုတ်   ၂၈


အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်နှင့်     အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိနေသော အစ္စရေးဝန်ကြီး ချုပ် နက်ဖ်တာလီဘန်နက်တို့သည် အီရန်နျူကလီးယား အရေး၊ နှစ်နိုင်ငံအကြားလုံခြုံရေးဆိုင်ရာ  ဆက်ဆံရေး နှင့်စပ်လျဉ်း၍   ယမန်နေ့က   တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


ထောက်ခံအားပေး


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်         ဘိုင်ဒင်က အစ္စရေးလုံခြုံရေးအတွက် အမေရိကန်၏ မဆုတ်မနစ် သော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုက် ပြီး အစ္စရေးနိုင်ငံအနေဖြင့် အာရပ်နှင့် မွတ်ဆလင် နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် စီစဉ်မှုအပေါ် ထောက်ခံအားပေးကြောင်း ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ဘန်နက်က ကဘူးလ် လေဆိပ်အကြမ်းဖက်တိုက်ခိုက်မှု၌ သေကျေဒဏ်ရာ ရရှိသူများအတွက်   ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ဖော်ပြောကြားသည်။


အီရန်နျူကလီးယားအစီအစဉ်သည် ဂျိုးဘိုင်ဒင် နှင့်   အဓိကဆွေးနွေးရမည့်ခေါင်းစဉ်ဖြစ်ကြောင်း၊ ရည်မှန်းချက်နှစ်ခုဖြင့် ဆွေးနွေးရန် မိမိတို့အနေဖြင့် ပြည့်စုံသောမဟာဗျူဟာတစ်ခုကို ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ပထမရည်မှန်းချက်မှာ ဒေသအတွင်း အီရန်၏ ရန်လိုမှုကို ရပ်တန့်ရန်ဖြစ်ပြီး ဒုတိယအချက် မှာ အီရန်နိုင်ငံကို ၎င်း၏ နျူကလီးယားလက်နက် ဖောက်ခွဲခြင်းမှ   အစဉ်အမြဲထိန်းသိမ်းထားရန်ဖြစ် သည်။


ထို့အပြင်        နှစ်နိုင်ငံခေါင်းဆောင်တို့သည် ပါလက်စတိုင်းနှင့်   အစ္စရေးကိစ္စနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘိုင်ဒင်က ပါလက်စတိုင်းကို အစ္စရေးနည်းတူ နိုင်ငံတစ်နိုင်ငံဖြစ်စေရေးဆုံးဖြတ် ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ သို့သော် ယင်းဆုံးဖြတ်ချက်ကို ဘန်နက်က ငြင်းပယ်ခဲ့သည်။
တွေ့ဆုံဆွေးနွေး


ဘန်နက်သည် ယခုနှစ်ဇွန်လမှစ၍ အစ္စရေး နိုင်ငံ၏  ဝန်ကြီးချုပ်တစ်ဦးအဖြစ်     တာဝန်ယူ ဆောင်ရွက်လာခဲ့ပြီး ယခု ဂျိုးဘိုင်ဒင်နှင့်  တွေ့ဆုံ ဆွေးနွေးပွဲသည် ၎င်း၏ ပထမအကြိမ်မြောက်တွေ့ဆုံပွဲဖြစ်သည်။ ထို့အပြင် ဘန်နက်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး  လွိုက်အော်စတင်းနှင့် နိုင်ငံ ခြားရေးဝန်ကြီး   အန်တိုနီဘလင်ကင်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆန်းစစ်လေ့လာသူများ၏ အမြင်အရ ဘိုင်ဒင် နှင့် ဘန်နက်တို့သည် အစ္စရေးဝန်ကြီးချုပ်ဟောင်း နေတန်ယာဟုနှင့် ဒီမိုကရက်တစ်ခေါင်းဆောင်ပိုင်းတို့အကြား ဆက်ဆံရေးနှစ်နှင့်ချီ တင်းမာလာခဲ့ပြီး နောက် ဆက်ဆံရေးအသစ်တစ်ခု စတင်ရန်ကြိုးပမ်း လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း သိရသည်။


ဘန်နက်၏ အမေရိကန်ခရီးစဉ်သည် အစ္စရေး နှင့် ၎င်း၏ရန်ဘက်များဖြစ်သည့်  အီရန်နိုင်ငံနှင့် ပါလက်စတိုင်းတို့အကြား ဆက်ဆံရေးတင်းမာနေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။     


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ
n