အီရန်နိုင်ငံတွင် ပထမဆုံး အိုမီခရွန်ကူးစက်မှုတွေ့ရှိ

 

 

တီဟီရန်  ဒီဇင်ဘာ ၂၀
အီရန်နိုင်ငံတွင် ပထမဆုံး အိုမီခရွန်ကူးစက်မှုကို  တွေ့ရှိခဲ့သည်ဟု အီရန်ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါစီမံခန့်ခွဲမှုစင်တာ အကြီးအကဲဖြစ်သူ မိုဟမ်မက်မက်ဒီ ဂိုယာက ပြောသည်။     အိုမီခရွန်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသည့် အိမ်နီးချင်းနိုင်ငံ တစ်ခုသို့ သွားရောက်ပြီးပြန်လာသည့် အီရန်နိုင်ငံသားတစ်ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး အိုမီခရွန်ကူးစက်မှုကို တွေ့ရှိပြီးနောက် ယခုအခါ နောက်ထပ်ကူးစက် ခံရသည်ဟု သံသယရှိသူနှစ်ဦးကိုပါ တွေ့ရှိခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်တွင်  အီရန်နိုင်ငံ ၌ နောက်ထပ် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၉၆၈ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရ သူ အရေအတွက်မှာ ၆၁၇၀၉၇၉ ဦး ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။                                                                                      ဆင်ဟွာ