
တီဟီရန် ဇန်နဝါရီ ၅
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်ကာမန်တွင် အကြမ်း ဖက်သမားများက နှစ်ကြိမ် ဆက်တိုက် ဗုံးဖောက်ခွဲခဲ့ရာ သေဆုံးသူဦးရေမှာ ၈၉ ဦးအထိ ရှိလာသည်ဟု အိုင်အာအင်န်အေ သတင်းဌာနက ဇန်နဝါရီ ၅ ရက် တွင် သတင်းထုတ်ပြန်သည်။
ဆေးရုံတွင် ဒဏ်ရာရရှိသူများ များပြားပြီး ပြင်းထန်ဒဏ်ရာရရှိသူများသည့်အတွက် သေဆုံးသူ ဦးရေ တိုးလာခြင်းဖြစ်သည်ဟု အရာရှိတစ်ဦးက ပြောသည်။ အီရန်ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆူလေမန်နီ သေဆုံးခြင်းလေးနှစ် ပြည့်အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကာမန်တွင် ဇန်နဝါရီ ၃ ရက်က ကျင်းပစဉ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ် သည်။
ဒဏ်ရာရရှိသူစုစုပေါင်း၂၈၄ ဦး ရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ၏ အဓိကလက်သည်မှာ အိုင်အက်စ် အုပ်စုဖြစ်သည်ဟု ဇန်နဝါရီ ၄ ရက် က ကြေညာခဲ့ပြီး အသေခံဗုံးခွဲ သမားနှစ်ဦးက ဖောက်ခွဲရေး ခါးပတ်များအသုံးပြုကာ ဖောက်ခွဲ မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့သည်။
အီရန်သည် အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားတို့တွင် စစ်ရေးအကူအညီများ ထောက်ပံ့ ပေးခဲ့သည်။ အိမ်နီးချင်းတိုင်းပြည် များတွင် အိုင်အက်စ် စစ်သွေးကြွ များ အမြစ်ပြတ်ရှင်းလင်းနိုင်ရေး အီရန်နိုင်ငံက ကြိုးပမ်းလျက် ရှိသည်။ အိုင်အက်စ်တို့ကို တိုက် ဖျက်ရာတွင် အီရန်ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆူလေမန်နီကို အဓိက ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုထားကြသည်။
အိုင်အက်စ် အကြမ်းဖက် သမားများသည် အီရန်နိုင်ငံကို ရန်သူအဖြစ်ရှုမြင်ကာ အီရန်နိုင်ငံ တွင် အကြမ်းဖက်လုပ်ငန်းများ ထပ်ခါတလဲလဲ ကျူးလွန်လေ့ရှိ သည်။ အိုင်အက်စ်အုပ်စု အီရန် နိုင်ငံတွင်ပြုလုပ်ခဲ့သည့် အကြမ်း ဖက်လုပ်ငန်းများအတွင် ယခု တစ်ကြိမ်သည် လူသေဆုံးမှုအများ ဆုံးဖြစ်သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ ၊ ဆင်ဟွာ