အီရန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၂၇၉ ဦးရှိ

တီဟီရန်   ဩဂုတ်  ၂၈


အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၃၆၂၇၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌       ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  စုစုပေါင်း ၄၈၆၉၄၁၄ ဦး    ရှိလာကြောင်း အီရန်    ကျန်းမာရေးဝန်ကြီးဌာန က  ယနေ့တွင်    သတင်းထုတ်ပြန် သည်။


အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၅၇၁ ဦး ထပ်မံ သေဆုံးခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၀၅၂၈၇ ဦးရှိလာကြောင်း အီရန် နိုင်ငံ၏ ကျန်းမာရေးနှင့်ဆေးဘက်  ဆိုင်ရာ  ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။


ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၄၀၄၈၉၉၁ ဦးရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှု         ခံယူလျက်ရှိသူ ၇၈၁၇ ဦးရှိကြောင်း သိရသည်။


အီရန်နိုင်ငံ၌   ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်   ထိုးနှံပြီးသူ ၁၇၈၆၆၄၈၃ ဦး     ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ        ကာကွယ် ဆေးနှစ်ကြိမ်စလုံး   ထိုးနှံပြီးသူ ၇၂၄၈၉၁၈ ဦးရှိကြောင်း   သိရ သည်။      

     
 ကိုးကား-ဆင်ဟွာ
        ဘာသာပြန်-အလင်းသစ်