
တီဟီရန် ဩဂုတ် ၂၄
အီရန်နိုင်ငံ၌ ဩဂုတ် ၂၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၆၂၃ ဦးရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄၇၅၆၃၉၄ ဦးရှိလာကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၃၉၉၃၂၁၁ ဦးရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသူ ၇၇၂၇ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူ ၁၇၂၃၃၆၆၁ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၆၄၇၆၇၇၃ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးသူ စုစုပေါင်း ၂၈၀၉၃၅၈၇ ဦးရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အတွက် အီရန် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်နှင့် ကျန်းမာရေးအခြေအနေတိုးတက် မှုရှိရန်မှာ အစိုးရ၏ ပထမဦးစားပေးဖြစ်ကြောင်း အီရန်သမ္မတ အီဘရာဟင်ရေစီက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်