
တီဟီရန် ဒီဇင်ဘာ ၁၃
အီရန်နိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၂၈၉ ဦးထပ်မံ တွေ့ရှိခဲ့ သည်ဟု အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ တိုင်းပြည် အတွင်း စုစုပေါင်းကူးစက်ခံရသူဦးရေမှာ ၆၁၅၈၁၃ ဦးရှိသည်ဟု အီရန်ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ ကိုဗစ် - ၁၉ နှင့်ဆက်စပ်ပြီး အသက်ဆုံးရှုံးရသူ ၁၃၀၇၂၂ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဒီဇင်ဘာ ၁၂ ရက်အထိ အီရန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကာကွယ် ဆေးပထမအကျော့ ထိုးပြီးသူ ၅၈၆၉၆၃၉၄ ဦးရှိပြီး နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၄၉၃၇၇၈၄၇ ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ