
တီဟီရန် စက်တင်ဘာ ၂၂
အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ မှုအားလုံးကို အမေရိကန်နိုင်ငံအနေဖြင့် ဖြေလျှော့ ပေးသင့်ကြောင်း မကြာသေးမီက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာကွန်ဖရင့် တစ်ရပ်တွင် အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ မိုဟာမက်အက်စ်လာမီက အင်န်အိတ်ချ်ကေသတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်က ဗီယင်နာ၌ ကျင်းပခဲ့ သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ ၏ အထွေထွေအစည်းအဝေးတွင် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ဦးစားပေးခေါင်းစဉ် ဖြစ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ မှားယွင်းသောမူဝါဒများကို ပြန်လည်ပြင်ဆင်ပေးသင့်ကြောင်း အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ မိုဟာမက်အက်စ်လာမီ က အလေးထားပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် ၂၀၁၅ နျူကလီးယား သဘောတူညီချက်တွင် သဘောတူညီထားသည့် တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း မိုဟာမက်အက်စ်လာမီ က အင်န်အိတ်ချ်ကေသတင်းဌာနသို့ ပြောကြား ခဲ့သည်။
အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားကာ အီရန်နျူကလီးယား သဘောတူညီချက်များကို မြန်မြန်ပြန်လည်အကောင် အထည်ဖော်သင့်ကြောင်း မိုဟာမက်အက်စ်လာမီက ထပ်လောင်းပြောကြားသည်။
အမေရိကန်နိုင်ငံသည် သမ္မတဒေါ်နယ်ထရန့် လက်ထက်၂၀၁၈ ခုနှစ်အတွင်းက အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အီရန် နိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်