နေပြည်တော် ဇွန် ၉
“AHA Centre မှတစ်ဆင့် လှူဒါန်း မည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံ ခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်း အဖွဲ့ (Task Force)” အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တို့သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယား ကိုယ်စားလှယ် အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ လုပ်ငန်း အဖွဲ့ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ ကျန်းမာ ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်း အဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက် ကြသည်။
အစည်းအဝေး၌ ၂၀၂၂ ခုနှစ် ဇွန်လပထမအပတ်တွင် AHA Centre နှင့် ASEAN-ERAT အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည့် လိုအပ်ချက် ပူးတွဲလေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ယင်း လုပ်ငန်းစဉ် ထိထိရောက်ရောက် အောင်မြင်စေရေးအတွက် ဆက် လက်ဆောင်ရွက်မည့် အစီအစဉ် များအပေါ် ဆွေးနွေးကြသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် မေ ၆ ရက်၌ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ သို့ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးရလဒ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
ယင်းနောက် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များအပေါ် ရှင်းလင်းပြောကြားပြီး ညှိနှိုင်းအစည်းအဝေး ရလဒ်တစ်ခု ဖြစ်သည့် ပူးတွဲကာကွယ်ဆေး ထိုးနှံရေးမူဘောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဖြန့်ဝေရေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များကလည်း လိုအပ်ချက် ပူးတွဲလေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းစဉ် လုံခြုံစွာနှင့် အောင်မြင်မှုရှိစွာ ပြီးမြောက်စေ ရေးအပါအဝင် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်း များတွင် အာဆီယံအတွင်းရေးမှူး ချုပ်ရုံး AHA Centre တို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် ၍ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။
သတင်းစဉ်



