
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားရာတွင်
သတိပြုရမည့်အချက်များ
၁။ မည်သူမဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်း ကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက် နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။
၂။ တိုင်ကြားစာပေးပို့ရာတွင် ကော်မရှင်ထံ မိတ္တူပေးပို့ခြင်းမပြုဘဲ တိုက်ရိုက် လိပ်မူပေးပို့ရ မည်။
၃။ တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ပါဝင်ရမည်။
၄။ အရေးကြီးသော သက်သေခံချက်ဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် စသည်တို့ရှိကြောင်း ဖော်ပြနိုင်ရမည်။
၅။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် တမင် ပြုလုပ်တိုင်ကြားပါက ဤဥပဒေပုဒ်မ ၅၉ အရ အရေးယူခံရနိုင်သည်ကိုလည်း သတိပြု ရမည်။
လိပ်မူတိုင်ကြားရန် လိပ်စာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ရုံးအမှတ် (၅၆)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၊ စာတိုက် သေတ္တာအမှတ်(၁၄၄)၊ ဖုန်းနံပါတ် ၀၆၇-၈၁၀၃၃၄၇၊
၀၆၇-၈၁၀၃၃၃၄၊
Email Address - accm@accm.gov.mm၊
Website Address - http://www.accm.gov.mm