
နေပြည်တော် မေ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးခန်းမ ရန်ကုန်၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အဂတိလိုက် စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်စေရေး အတွက် အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိ လိုက်စားမှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ် အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှု မဖြစ်ပေါ်စေ ရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းတို့ ဆောင်ရွက် နိုင်ရန် ကော်မရှင်၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင် ပညာပေးခြင်းလုပ်ငန်းနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကထားဆောင်ရွက်ရပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေ၊ အခွင့်အလမ်းနည်းပါး သော်လည်း တွေ့ရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများအရ အဂတိလိုက်စားမှု ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး ဌာနတွင်းကြီးကြပ်မှု အားကောင်းစေသည့် အစီအမံများ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့သည် တစ်ချိန်တည်းတွင် ဖွဲ့စည်းခဲ့ကြကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူ ခြင်းမှ ကာကွယ်သည့် ကော်မတီကို ဖွဲ့စည်းပြီး ရာဇသတ်ကြီး(Penal Code)အရ အရေးယူခြင်း၊ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု အကျင့်စရိုက်သည် လူ့အဖွဲ့ အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သော ကပ်ရောဂါ တစ်ခုဖြစ်၍ အချို့ကိစ္စများ၌ အလွယ်တကူ ဖောက်ဖျက်ကျူးလွန်နေခြင်းများကို သတိပြု ရှောင်ကြဉ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများ လေလေ ဆင်းရဲနွမ်းပါးမှု များလေလေဖြစ်၍ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူတစ်ဦးချင်း၊ မိသားစုတစ်စုချင်းအားလုံးက ထိန်းသိမ်းလိုက်နာ ကြရန်လိုပြီး “အဂတိပယ်ခွာပြည်သာယာ” ရန် အတွက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု သဘောတရားများ၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တားဆီး ကာကွယ်ရေးစီမံချက်၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) နှင့် တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedures-SOP) ရေးဆွဲ ခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ် လေ့လာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် နေပြည်တော်ရုံးခွဲမှ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင်နှင့် မန္တလေး/ ပုသိမ်ရုံးခွဲများမှ ရုံးဝန်ထမ်းများက Online Platform ဖြင့်လည်း ကောင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများက In-person ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်