အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

Type

 

 

မောင်တည်ကြည်
 

ကမ္ဘာတစ်ဝန်းမှာ ဆိုးရွားစွာပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှုများသည် ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို ယိုယွင်းပျက်စီးစေတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများနှင့် လူသားတို့၏ ဘဝအရည်အသွေးများကို လျော့ပါးပျက်စီးစေခြင်းများ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး ထိရောက်စွာ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ကို တညီတညွတ်တည်း ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါသည်။
မိမိတို့နိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ     ဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို   ပြဋ္ဌာန်းခဲ့ပြီး  ၂၀၁၄  ခုနှစ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို   ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက် များကို    ပိုမိုထိရောက်အောင်မြင်စွာ   အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ရန်အတွက်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အမြဲသုံးသပ် လျက်ရှိပြီး   ပဉ္စမအကြိမ်အထိ   ပြင်ဆင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အဂတိလိုက်စားမှုသည်    နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် အုပ်ချုပ်ရေးနယ်ပယ်များ တွင်  ငွေကြေး၊  ပစ္စည်း၊  လုပ်ပိုင်ခွင့်ဆိုင်ရာ  ပုံစံ အမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏ စီးပွားရေး ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် မှုကိုလည်း နှောင့်နှေးကြန့်ကြာစေသည့် အကြောင်း ရင်းတစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
နိုင်ငံတော်အစိုးရသည်        ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေး၊   တိုင်းပြည်သာယာဝပြောရေး၊  စားရေ ရိက္ခာဖူလုံရေးတို့အတွက်     ပြည်သူအခြေပြု နည်းလမ်းများဖြင့်  ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အဂတိလိုက်စားမှု ပြဿနာသည် ကြီးမား သော   ခလုတ်တံသင်းဖြစ်သည့်အတွက်  အဂတိ လိုက်စားမှုများကို ထိထိရောက်ရောက် တိုက်ဖျက် ပြီး အဂတိကင်းစင်သော လူ့အသိုက်အဝန်းဖြစ်ပေါ် စေရေး ဆောင်ရွက်လျက်ရှိပါသည်။
အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှု ဖြစ်ပြီး လူအများ၏   စိတ်ဓာတ်နှင့်  စာရိတ္တများ ပျက်စီးစေသည့်အပြင်    နိုင်ငံအတွက်  အန္တရာယ် ဖြစ်သဖြင့်    နိုင်ငံတော်က   အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ထိရောက်သည့်ဟန့်တားဆောင်ရွက်မှုများနှင့်       အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေး      ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု      တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက   လုံလောက်မှုမရှိသည့် အတွက် အဂတိလိုက်စားမှုကို  လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်       ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေး     အခြေခံ အကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ    အချိန်နှင့် တစ်ပြေးညီ   အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် အပြည်ပြည် ဆိုင်ရာ      အဂတိလိုက်စားမှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌   ပြောကြားခဲ့ပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ” ဟူသည့် ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက      အဂတိလိုက်စားမှု အကျင့်ဆိုးကို   လုံးဝလက်မခံ  ဝိုင်းဝန်းတိုက်ဖျက် သည့်မူဝါဒ Zero  Tolerance  Policy  ချမှတ်ပြီး အဂတိကင်းစင်သည့်   လူ့ဘောင်ကို   အတူတကွ ထူထောင်ကြပါစို့ဟု   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ် အပြည်ပြည် ဆိုင်ရာ     အဂတိလိုက်စားမှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အလေးအနက်ထား ပြောကြားခဲ့ပါသည်။
ထို့ကြောင့် ကော်မရှင်သည် နိုင်ငံအတွင်းပျံ့နှံ့ နေသော အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရန်အတွက်  အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်   ဖြစ်ထွန်းစေရေး   ရည်မှန်းလျက်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၈ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီအစဉ်များချမှတ်ပြီး ဥပဒေ ပါ   ပြဋ္ဌာန်းချက်များနှင့်အညီ  အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူ ခြင်းလုပ်ငန်းများကို        အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။ 
ကော်မရှင်ဖွဲ့စည်းခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်မှာ ပထမအကြိမ်၊ ၂၀၁၇ ခုနှစ်မှာ ဒုတိယ အကြိမ်နှင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်     တတိယအကြိမ်    ကော်မရှင်အား ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ကိုးဦး စုစုပေါင်း ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါသည်။
ကော်မရှင်သည်   ပေးအပ်ထားသည့်  လုပ်ငန်း တာဝန်များကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပိုမိုကျစ်လျစ်ခိုင်မာစွာ  ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)အရ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်းကော်မတီ ခြောက်ရပ် ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း တွေ့ရှိရ ပါသည်-
(က)    မူဝါဒရေးရာလုပ်ငန်းကော်မတီ
( ခ )    နိုင်ငံတကာရေးရာနှင့် လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ 
( ဂ )    ဥပဒေရေးရာလုပ်ငန်းကော်မတီ 
(ဃ)    တိုင်ကြားစာ စိစစ်သုံးသပ်ရေးလုပ်ငန်း ကော်မတီ
(င)    ဝန်ထမ်းရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး နှင့် လုံခြုံရေးလုပ်ငန်းကော်မတီ 
(စ)    ပညာပေးရေးနှင့်    ပြည်သူ့ဆက်ဆံရေး လုပ်ငန်းကော်မတီ 
မဟာဗျူဟာရည်မှန်းချက်များ
 ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ဒုတိယကာလတို လေးနှစ်အဖြစ် သတ်မှတ် ထားပါသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်   ကျယ်ပြန့်စွာ  ဖြစ်ပေါ်နေသောအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းသွား စေရန်အတွက် မဟာဗျူဟာရည်မှန်းချက် (၄) ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်-
(က)    သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းစေရန် ပြဋ္ဌာန်း ထားသော ဥပဒေနှင့်အညီ ပေးအပ်လာ သော  လုပ်ငန်းတာဝန်များကို  အားသွန် ခွန်စိုက် ကြိုးပမ်းအားထုတ် ဆောင်ရွက် သွားရမည်၊
( ခ )    အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊     ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများတွင် အဂတိ လိုက်စားမှုကြောင့်    ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာရန်ပုံငွေ      ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု တာ၀န်ယူမှု တာဝန် ခံမှုတို့ဖြင့် လျှော့ချနိုင်ရမည်၊
(ဂ )    အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ တွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာ ပျံ့နှံ့ နေသော အဂတိလိုက်စားမှု (Systemic Corruption)ကို   သိသာထင်ရှားစွာ ကျဆင်းသွားစေရန် တိုက်ဖျက်ရမည်၊ 
(ဃ)    ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ကောင်းမွန် သော   စီမံအုပ်ချုပ်မှုဆိုင်ရာ  ညွှန်းကိန်း (Worldwide Governance Indicators– WGI) တွင် အဂတိလိုက်စားမှု ထိန်းချုပ် နိုင်ခြင်း   (Control   of  Corruption)ညွှန်းကိန်း   သိသာထင်ရှားစွာ  အဆင့် တိုးတက်လာစေရမည်။
မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်မှု
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ပေါ် မူတည် ၍   ၂၀၂၃  ခုနှစ်အတွင်း  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် ၁၀ ရပ်မှာ -
(က)    ပေါ်လစီမူဘောင်နှင့်   ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး
( ခ )    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး
( ဂ )    တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာနှင့်       ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး 
(ဃ)    စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်းတို့ကို  ထိရောက်ခိုင်မာစေမည့် အခြေခံကောင်းများ တည်ဆောက်ရေး
( င )    ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး
( စ )    ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး
(ဆ)    နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး 
( ဇ )    အမြဲမပြတ် စောင့်ကြည့်ရေးနှင့် သုံးသပ် အကဲဖြတ်ရေး
( ဈ )    အဂတိလိုက်စားမှု      တိုက်ဖျက်ရေး ကော်မရှင်၏ ၂၀၂၄ ခုနှစ် လုပ်ငန်းအစီ အစဉ် ချမှတ်ရေး
(ည)    ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက် ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရေး
အသိပညာပေးခြင်းကဏ္ဍ
ကော်မရှင်၏    အသိပညာပေးဆောင်ရွက်မှု ကဏ္ဍတွင်    နိုင်ငံ့ဝန်ထမ်းများသာမက  ပုဂ္ဂလိက ကဏ္ဍနှင့် ပညာရေးနယ်ပယ်များတွင်ပါ အလေးထား ဆောင်ရွက်ခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီးဌာန များ၊  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်များ၌       ဖွင့်လှစ်သည့် သင်တန်း   ၄၅ ခု၌  သင်တန်းသား ၂၁၇၈ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်     တားဆီး ကာကွယ်ရေးဆိုင်ရာ      အသိပညာပေးဆွေးနွေး ဟောပြောမှုများကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး အရာထမ်းများက ဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။     
တိုင်းဒေသကြီး/ ပြည်နယ်များရှိ    ပညာရေး ဝန်ကြီးဌာန  အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း၌  ဖွင့်လှစ်သည့်  နွေရာသီ ကျောင်းပိတ် ရက်    ဆရာ/ဆရာမများ    မွမ်းမံသင်တန်းများတွင် ဆရာ/ဆရာမ ၉၀၂၇ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာ စေရန်နှင့်    ကျောင်းသားလူငယ်များ   ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးကို    စာသင်ခန်းများမှ စတင်နိုင်ရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ      အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ သည်။ 
အလားတူ   ပုဂ္ဂလိကကဏ္ဍအတွင်း   အဂတိ လိုက်စားမှုဆိုင်ရာ         တားဆီးကာကွယ်ရေး        အသိပညာပေးမှုအနေဖြင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI   မှ  ညီနောင်ကုန်သည်အသင်းများနှင့် အသင်းဝင်ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပုဂံ-ညောင်ဦး၊ ပြင်ဦးလွင် နှင့်   ပဲခူးမြို့တို့တွင်လည်း  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်  ဝန်ထမ်းများ၊  စီးပွားရေးလုပ်ငန်းရှင် များ စုစုပေါင်း ၄၉၆၁ ဦးအား တွေ့ဆုံပြီး အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့ပါသည်။
ထို့အပြင်    ကျောင်းသားလူငယ်များအတွင်း ဖြောင့်မတ်တည်ကြည်မှုရှိသည့်     အသိုက်အဝန်း တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး အကောင်အထည် ဖော်   ဆောင်ရွက်မှုအနေဖြင့်    ၂၀၂၂-၂၀၂၃  ပညာ သင်နှစ်တွင်     ကျောင်းသားလူငယ်    ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး Edutainment အစီအစဉ် ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲ များတည်ရှိရာ  တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်း   ၁၂၀   မှ   မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူ ၂၉၂၂၆ ဦး ကို   ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ     သင်ကြားပို့ချ နိုင်ခဲ့ပြီး     “အဂတိလိုက်စားမှု  တိုက်ဖျက်ရေးနဲ့   လူငယ်တို့၏ အခန်းကဏ္ဍ”     စကားဝိုင်းဆွေးနွေး ပွဲများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းပေါင်း  ၁၂  ကျောင်း၌ ဆောင်ရွက်နိုင်ခဲ့ ပါသည်။ 
ကော်မရှင်မှပြုစုခဲ့သည့်        အခြေခံပညာ အလယ်တန်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ဆရာကိုင်စာအုပ်နှင့် အခြေခံ ပညာအထက်တန်းအဆင့်   ရည်ညွှန်းစာစောင်ပါ သင်ခန်းစာများကို    သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ 
ထို့အပြင်   သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန အောက်ရှိ ကျောင်းများမှ ကျောင်းသားလူငယ်များ လေ့လာဖတ်ရှုကိုးကားနိုင်ရန်အတွက်    အဂတိ လိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည် မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်အုပ်ရေ ၆၀၀ အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့အပြင် ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အဂတိလိုက်စားမှု အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာလည်း ရုပ်ပြသရုပ် ဖော် တေးသီချင်း  သုံးပုဒ်၊ Animation ငါးပုဒ်နဲ့ ဇာတ်လမ်းတို ခြောက်ပုဒ်တို့အား ထုတ်လွှင့်ပြသ ခြင်းနှင့် အသိပညာပေးဆောင်းပါး ခုနစ်ပုဒ်ကိုလည်း နိုင်ငံပိုင်သတင်းစာများတွင်     ထည့်သွင်းဖော်ပြခဲ့ ပါသည်။
ကော်မရှင်၏ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်း များ၊ ဆောင်ရွက်ချက်များကို အများပြည်သူ အချိန် နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ     အသိပညာများ တိုးမြင့်လာစေရန် ရည်ရွယ်၍ ကော်မရှင်၏ ACC Myanmar Facebook Page၊ Website(http://www.accm.gov.mm)နှင့် နိုင်ငံပိုင်သတင်းစာများ တွင် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်း  ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်း    ၁၆၄   ပုဒ်အား   ထည့်သွင်းဖော်ပြခဲ့ပါ သည်။
ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများအား အဂတိ လိုက်စားမှုနှင့်      ပတ်သက်သည့်   အသိပညာနှင့် ဗဟုသုတများ       တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့မှု များမှာ-