နေပြည်တော် ဖေဖော်ဝါရီ ၂၁
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်း၊ အမှတ်စဉ် (၇) နှင့် အဆင့်မြင့်အရာထမ်း သင်တန်း၊ အမှတ်စဉ် (၂၀) တို့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က “အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချသည်။
အဆိုပါ သင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ ၅၃ ဦး တက် ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၆ ရက်မှ မတ်လ ၃၁ ရက်အထိ ရက်သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်သည်။
ထို့ပြင် ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြတ်ဆုသင်းနှင့် ဦးစီး အရာရှိ ဦးကိုကိုလှိုင်တို့သည် မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ် လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်၌ ဖွင့်လှစ်သည့် မီးသတ် စခန်းမှူးသင်တန်းအမှတ်စဉ် (၂၁)တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဘာသာရပ်ကို သွားရောက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်



