အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ  ၂၁ 
စွမ်းအင်ဝန်ကြီးဌာနနှင့်   အဂတိ လိုက်စားမှု       တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ    စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊   ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိဦးစီးဌာန/ လုပ်ငန်းများ မှ      ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊    အမှုထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက်ရှိ ကြောင်း၊  အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ     အရေးယူခံကြ ရမည်ဖြစ်ကြောင်း၊   ဝန်ထမ်းများ အနေဖြင့် ရာထူးတာဝန် အဆင့် အလိုက်လုပ်ငန်းများ ဆောင်ရွက် ရာတွင်ကျောသားရင်သား မခွဲခြား ဘဲ မျှတစွာဖြင့် အဂတိကင်းရှင်း သည့်ဌာန၊ ပတ်ဝန်းကျင်ကောင်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့်     အဂတိ လိုက်စားမှုမရှိစေရေးနှင့် ပပျောက် စေရေး အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit-CPU)      ကို ညွှန်ကြားချက်နှင့်အညီ  ဖွဲ့စည်း ထားရှိပြီး    အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ များ၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းကအဂတိလိုက်စား မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ တွင် အားလုံးပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊     အဂတိကို လက်မခံသည့်         ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူမှုအသိုက် အဝန်းကို  ဖန်တီးဖော်ဆောင်နိုင် ရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊    နိုင်ငံ့ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့်    ရိုးသား ဖြောင့်မတ်စွာ တာဝန်ထမ်းဆောင် ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ်  ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စား မှု    တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ အဂတိလိုက်စားမှု၏     သဘော သဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး   ဆိုင်ရာ ကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြ ပြီး   တက်ရောက်လာသူများ၏ မေးမြန်းချက်များကို   ပြန်လည် ဖြေကြားကြသည်။
ဆက်လက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည်     စွမ်းအင် ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အဂတိ လိုက်စားမှုဆိုင်ရာ    ကာကွယ် တားဆီးနိုင်ရေး  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် ရမည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
ယခုကဲ့သို့  အဂတိလိုက်စား မှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး    ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်     အရာထမ်း၊ အမှုထမ်းများအနေဖြင့်   အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်    ပြစ်မှု ပြစ်ဒဏ်များကို ရှင်းရှင်းလင်းလင်း သိရှိပြီး      အဂတိလိုက်စားမှု မြောက်နိုင်သည့်   ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့်  နိုင်ငံ တော် နစ်နာဆုံးရှုံးရသည့် ကိစ္စရပ် များ၊အဂတိလိုက်စားမှု၏ ဆိုးကျိုး များ၊ အဂတိလိုက်စားမှု ဖြစ်ပေါ် လာနိုင်သည့် အကြောင်းအရာများ ကို    ရှောင်ကြဉ်လာနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်