AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲယှဉ်ပြိုင်ရန် ရှမ်းယူနိုက်တက်အသင်း ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်   အောက်တိုဘာ   ၃


၂၀၂၃-၂၀၂၄   ရာသီ   AFC   Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲယှဉ်ပြိုင်ရန်  မြန်မာကလပ်   ရှမ်းယူနိုက်တက် အသင်းသည်  အောက်တိုဘာ ၃  ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့သို့ ထွက်ခွာသွားသည်။


ရှမ်းယူနိုက်တက်     အသင်း သည် AFC Cup ပြိုင်ပွဲ အာဆီယံ ဇုန် အုပ်စု (F) တွင် မက်ကာသာ (ဩစတြေးလျ)၊ ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား)၊  ဆီဘူး  (ဖိလစ် ပိုင်) တို့နှင့် ကျရောက်နေသည်။ စက်တက်ဘာ ၂၁ ရက်က ကစား သည့်   အုပ်စုပထမပွဲတွင်     ရှမ်း ယူနိုက်တက်အသင်းက အိမ်ကွင်း တွင်      မက်ကာသာအသင်းကို သုံးဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဖနွမ်းပင် ခရောင်းအသင်းမှာမူ အဝေးကွင်း တွင် ဆီဘူးအသင်းကို သုံးဂိုးပြတ် အနိုင်ရထားသည်။ 


ရှမ်းယူနိုက်တက်     အသင်း သည်         အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ     ၅    ရက်တွင် ကမ္ဘောဒီးယားကလပ်    ဖနွမ်းပင် ခရောင်းအသင်းနှင့်  အဝေးကွင်း  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  ရှမ်းယူနိုက်တက်     အသင်းသည် နောက်တစ်ဆင့် တက်ရောက်ရေး အတွက် ယခုပွဲတွင် ရလဒ်ကောင်း ရယူနိုင်ရန် လိုအပ်နေသည်။


ရှမ်းယူနိုက်တက်     ဘောလုံး အသင်းကို ဒုဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေ   ဦးဆောင်၍   အုပ်ချုပ်/နည်းပြအဖွဲ့ဝင်   ၁၀   ဦး၊   ကစား သမား ၁၉ ဦး လိုက်ပါသွားသည်။  ရှမ်းယူနိုက်တက်အသင်း     တွင် ကစားသမားများအဖြစ် ဂိုးသမား-မျိုးမင်းလတ်၊ အောင်မြင့်မြတ်၊ နောက်တန်း   -     ကျော်ဇင်လွင်၊ ဇွဲခန့်မင်း၊ ဇွဲထက်မင်း၊ ရဲမင်းသူ၊ အောင်ကျော်သူ၊  ဟိန်းသီဟဇော်၊ အလယ်တန်း - နန္ဒကျော်၊ သက်ပိုင် ထွေး၊ လင်းထက်စိုး၊ မျိုးကိုထွန်း၊ မတ်ခ်၊ မြတ်ကောင်းခန့်၊ ဈာနေယျ သူ၊    ရဲရင့်အောင်၊      ရှေ့တန်း- ထက်ဖြိုးဝေ၊ ဘယ်လိုနှင့် မိုတို  တို့ ပါဝင်ကြသည်။ 


ညီမြတ်သော်တာ
ဓာတ်ပုံ-SUFC