အောင်မြေသာစံမြို့နယ်ရှိ  အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

 

နေပြည်တော်    မေ   ၂၄
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁၈)အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း နှင့်  အမှတ်(၆)  အခြေခံပညာမူလတန်းကျောင်းတို့၏   ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊     မန္တလေးတပ်နယ်မှ   တပ်မတော်သားများက ကျောင်းဝင်းများ  အတွင်း၊ အပြင်ရှိ   ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊    အမှိုက်များရှင်းလင်းခြင်းနှင့်    ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                      သတင်းစဉ်