
နေပြည်တော် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်ရှိ အောင်လံ-ရွှေပန်းတော လမ်းပိုင်းတွင် လုံခြုံရေးဆောင် ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီ ၂၅ ရက်တွင် ခရီးသွားပြည်သူများကို တားဆီး စစ်ဆေးပြီး ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါဖမ်းဆီး ထားရှိသူများကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက် ရွေးယူရန်နှင့် လာရောက်မရွေးနိုင် သူများကို စစ်မှုထမ်းဆောင်ရန် အတွက် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သတင်းတု၊ သတင်း မှားများကို တရားမဝင် ပြည် ဖျက်မီဒီယာ Khit Thit က မဟုတ် မမှန် လုပ်ကြံရေးသား ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်သည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် အတွက် လုပ်ကြံရေးသားခြင်းဖြစ် ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီး သွားပြည်သူများကို ဖမ်းဆီးခဲ့ခြင်း မရှိကြောင်းနှင့် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက်ရွေးယူရသည်မှာ လည်း မှန်ကန်မှုမရှိသည့် ဝါဒ ဖြန့်ဝေမှုသာဖြစ်ကြောင်း လုံခြုံ ရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင် အာဏာတည်သည့်နေ့မှ စပြီး တရားမဝင်ပြည်ဖျက်မီဒီယာ များနှင့် ရပ်ရွာအေးချမ်းသာယာ ရေးကို မလိုလားသူများက ကောလာဟလ သတင်းအမှား များဖြင့် ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန်အတွက် ရည် ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်နေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်